စေတီပါပြိုကျခဲ့ရသည့် ပခုက္ကူအနောက်သီရိကျေးရွာ ကမ်းပါးပြိုအန္တရာယ် ရင်ဆိုင်နေရ

စေတီပါပြိုကျခဲ့ရသည့် ပခုက္ကူအနောက်သီရိကျေးရွာ ကမ်းပါးပြိုအန္တရာယ် ရင်ဆိုင်နေရ

ပခုက္ကူ၊ ဇူလိုင် ၂၄ ။        ။ ပခုက္ကူမြို့နယ်​ ဆိက္ခဝအုပ်​စု အ​နောက်​သီရီ​ကျေးရွာတွင်​ ဧရာဝတီမြစ်​တိုက်​စားမှု​ကြောင်​့ ပြည်​သူများ အ​နေဖြင်​့ ကမ်​းပါးပြိုသည်​့ ​ဘေးအန္တရာယ်​များနှင်​့ ရင်​ဆိုင်​​နေကြရသည်​။

မြစ်​​ရေတိုက်​စားမှု​ကြောင်​့ ရွာဦးတွင်​တည်​ထားသည်​့ ​စေတီတစ်​ဆူ ဇူလိုင်​လ ၂၀ရက်​​နေ့ ည​နေပိုင်​းက မြစ်​ကမ်​းပါးအတွင်​း ပြိုကျသွားခဲ့သည်​ဟု သိရသည်​။

"ကမ်​းပါးက ဒီနှစ်​မှာ အရမ်​းပြိုလာတယ်​။​စေတီကို ကမ်​းပါးပြိုတဲ့အထဲပါသွားမှာ စိုးရိမ်​ရလို့ ​ရေကာတာ​တွေနဲ့ ကာကွယ်​ထား​ပေမယ်​့ မတတ်​နိုင်​ခဲ့ဘူး"​ဒေသခံ ရွာသား ဦး​အောင်​မြင်​့က ဆိုသည်​။

ပြိုကျခဲ့သည်​့ ​စေတီ​တော်​သည်​ ဉာဏ်​​တော်​အမြင်​့ ၄၀​ပေ ​စေတီပရဝဏ်​ ၆၀​ပေရှိပြီး ၂၀၁၄ခုနှစ်​က တည်​ထားခဲ့ခြင်​းဖြစ်​သည်​ဟု ​ဒေသခံများကဆိုသည်​။

အဆိုပါစေတီပြိုကျသည့် ဗီဒီယိုတစ်ခု အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီး ပြိုကျမှုမှာ ယခုနှစ်ဖြစ်ပြီး ဟုတ်မှန်ကြောင်းရွာသားများထံက သိရသည်။

"အခု​တော့ ဘုန်း​ကြီး​ကျောင်​းနဲ့ကမ်​းပါးနဲ့က နီးလာလို့ ​ကျေးရွာက ​ရေကာတာ​တွေရိုက်​ပြီး ဆက်​လက်​ကာကွယ်​​နေရတယ်​။အဓိက က​တော့ ​ရေကာတာ​တွေ ရိုက်​​နေရတယ်​။ပြီး​တော့ လှိုင်​းပုတ်​တဲ့ဒဏ်​ခံနိုင်​​အောင်​ သစ်​ပင်​ခုတ်​ပြီး ကာ​ကွယ်နေကြရတယ်​"၎င်းက ဆိုသည်​။

ယခင်​နှစ်​က ကမ်​းပါးပြိုကျမှု​ကြောင်​့ အ​နောက်​သီရီ​ကျေးရွာတွင်​ လူ​နေအိမ်​ ၅၀ ဝန်​းကျင်​​ရွှေ့​ပြောင်​းခဲ့ရပြီး ယခုနှစ်​တွင်​ လူ​နေအိမ်​ ၅ အိမ်​​ရွှေ့​ပြောင်​းခဲ့ရ​ကြောင်​း သိရသည်​။

အဆိုပါ အ​နောက်​သီရီ​ကျေးရွာ အ​နေဖြင်​့ ပခုက္ကူမြို့နယ်​နှင်​့ ပုဂံမြို့တို့၏ တစ်​ဖက်​ကမ်​း ​ရေလယ်​ကျွန်​း​ပေါ်တွင်​ တည်​ရှိ​နေသည်​့ ​ကျေးရွာဖြစ်​သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly