ရာသီသစ်တွင် ဖာဘရီဂက်စ်မှာ ချယ်လ်ဆီး၏ အဓိက ကစားသမား ဖြစ်လာနိုင်သည်ဟု ကွန်တီ ပြော

ရာသီသစ်တွင် ဖာဘရီဂက်စ်မှာ ချယ်လ်ဆီး၏ အဓိက ကစားသမား ဖြစ်လာနိုင်သည်ဟု ကွန်တီ ပြော

ဇူလိုင် ၂၄၊ အင်္ဂလန် ။              ။ စပိန်ကွင်းလယ်ကစားသမား ဖာဘရီဂက်စ်မှာ ရာသီသစ်တွင် ချယ်လ်ဆီးအသင်း၏ အဓိက ကစားသမားဖြစ်လာနိုင်သည်ဟု နည်းပြကွန်တီက ပြောဆိုလိုက်သည်။

ကွန်တီသည် ဖာဘရီဂက်စ်အား လာမည့်ရာသီသစ်တွင် NO.10 နေရာတွင်ထားကစားရန်လည်း စီစဉ်လျက်ရှိသည်။

‘ဖာဘရီဂက်စ်က တကယ်ကောင်းတဲ့ ကစားသမားပါ။ သူက ကွင်းလယ်မှာကောင်းကောင်းကစားနိုင်သလို No.10 နေရာကနေ ကစားနိုင်သူလည်း ဖြစ်ပါတယ်။

မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ နေ့စဉ်လေ့ကျင့်ရေးကွင်းမှာ ဖာဘရီဂက်စ်ရဲ့ ကြိုးစားအားထုတ်မှုက အခြားကစားသမားတွေအတွက် တကယ်ကို အတုယူစရာပါ။ သူဟာ ပြင်းပြင်းထန်ထန် ကြိုးစားသူဖြစ်ပါတယ်။ ကျွန်တော်အသင်းကို ရောက်စတုန်းကထက် အများကြီးတိုးတက်လာပါတယ်။ သူဒီထက်ပိုပြီး တိုးတက်လာဦးမယ်လို့ ထင်ပါတယ်’ ဟု ကွန်တီက ဆိုသည်။

ဖာဘရီဂက်စ်သည် ပရီးမီးယားလိဂ်တွင် ကစားခဲ့သည့် နောက်ဆုံးရာသီခြောက်ခုတွင် ရာသီတိုင်းဂိုးဖန်တီးမှု ၁၀ ကြိမ်နှင့်အထက် ပြုလုပ်နိုင်ခဲ့သည့် တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်သည်။ ထိုရာသီခြောက်ခုတွင် ဖာဘရီဂက်စ်သည် ဖန်တီးမှု ၈၂ ကြိမ် ပြုလုပ်နိုင်ခဲ့သည်။

ရည်ညွှန်း မယ်ရာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly