နေမာက ပီအက်စ်ဂျီကို ဥရောပထိပ်သီးကလပ်ဖြစ်အောင် လုပ်ပေးနိုင်သည်ဟု ဘလန့်ပြော

နေမာက ပီအက်စ်ဂျီကို ဥရောပထိပ်သီးကလပ်ဖြစ်အောင် လုပ်ပေးနိုင်သည်ဟု ဘလန့်ပြော

ဇူလိုင် ၂၄၊ ပဲရစ်။          ။ ဘာစီလိုနာကြယ်ပွင့် နေမာရောက်ရှိလာခြင်းက ပီအက်စ်ဂျီအသင်းကို ဥရောပထိပ်သီးကလပ်တစ်ခုအဖြစ် ပြောင်းလဲစေနိုင်မည် ဖြစ်ပြီး လိဂ် ၁ ကလပ်အနေဖြင့် ချန်ပီယံလိဂ်ဖလား ရယူရန်အတွက်မူ အချိန်လိုအပ်ဦးမည်ဟု လောရင့်ဘလန့်က ပြောသည်။

နေမာသည် ပီအက်စ်ဂျီအသင်း၏ အဓိကပစ်မှတ်အဖြစ်သတင်းများထွက်ပေါ်နေပြီး နေမာ၏ စာချုပ်ဖျက်သိမ်းကြေး ယူရို ၂၂၂ သန်းကိုလည်း ပီအက်စ်ဂျီအသင်းကပေးလိမ့်မည်ဟု ယူဆခံနေရသည်။

ပီအက်စ်ဂျီအသင်းကို ၂၀၁၃ မှ ၂၀၁၆ ထိနည်းပြခဲ့သည့် ဘလန့်က ဘရာဇီးကြယ်ပွင့်အနေဖြင့် ၎င်း၏အသင်းဟောင်းကို အဆင့် တစ်ခုသို့ပို့ဆောင်ပေးနိုင်လိမ့်မည်ဟုယုံကြည်နေသော်လည်း ဥရောပတွင်အောင်မြင်ရန်အာမခံချက်တစ်ခုမဟုတ်ဟု သတိပေးခဲ့ သည်။

“ပီအက်စ်ဂျီဟာ ဥရောပမှာ ထိပ်သီးကလပ်တစ်ခုဖြစ်လာချင်နေပါတယ်။ အသင်းဟာ မယုံနိုင်လောက်အောင်စီးပွားဖွံ့ဖြိုး တိုးတက်မှုအရှိန်အဟုတ်လည်းရှိပါတယ်။

နေမာရဲ့ အဆင့်လိုကစားသမားမျိုးနဲ့ဆိုရင် ပီအက်စ်ဂျီဟာ အနာဂါတ်မှာ ဥရောပထိပ်သီးစာရင်းဝင်အသင်းတစ်သင်းဖြစ်လာနိုင် ပါတယ်။

ချန်ပီယံလိဂ်ကို သူနဲ့ ဒါမှမဟုတ် တခြားကစားသမားတွေနဲ့ယူဖို့ကတော့ အချိန်လိုပါတယ်။ အဲဒီပြိုင်ပွဲက ငွေသန်းပေါင်းများစွာ သုံးတာတစ်ခုတည်းနဲ့တော့ အနိုင်ရမယ့်ပြိုင်ပွဲမဟုတ်ပါဘူး။ ဘောလုံးက အဲဒီလိုမဟုတ်ပါဘူး။ အသင်းတစ်သင်းဟာ တည်ငြိမ်ဖို့ လိုပါတယ်။

ပီအက်စ်ဂျီအသင်းဟာ မြန်မြန်ဆန်ဆန်ကြီးထွားလာနေပြီး ဒါဟာ အသင်းတစ်သင်းအတွက်အရေးကြီးသလို တစ်နေ့မှာတော့ ချန်ပီယံလိဂ်ဖလားရယူနိုင်ပါလိမ့်မယ်”ဟု ဘလန့်က ပြောသည်။

နေမာသည် စနေနေ့က အိုင်စီစီဖလားအဖြစ် ဂျူဗင်တပ်ကို ၂-၁ ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် စွမ်းရည်ထက်မြက်ကြောင်းထပ်မံ ပြသနိုင်ခဲ့ပြီး ဘာစီလိုနာအတွက် အနိုင်ဂိုးနှစ်ဂိုးစလုံးကို သွင်းယူနိုင်ခဲ့သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly