ဟက်ဇက်တစ်ဦးတည်း လေ့ကျင့်ခန်းစလုပ်၊ မိုရာတာ အသင်းနှင့်ပထမဆုံး လေ့ကျင့်ခန်းဆင်း

ဟက်ဇက်တစ်ဦးတည်း လေ့ကျင့်ခန်းစလုပ်၊ မိုရာတာ အသင်းနှင့်ပထမဆုံး လေ့ကျင့်ခန်းဆင်း

ဇူလိုင် ၂၄၊ အင်္ဂလန် ။             ။ ချယ်လ်ဆီးအသင်း၏ အားထားရသော အဓိက တိုက်စစ်ကစားသမား ဟက်ဇက်သည် ခြေကျင်းဝတ်ဒဏ်ရာမှ ပြန်လည် သက်သာလာပြီဖြစ်ပြီး လေ့ကျင့်ခန်းစတင်   ပြုလုပ်နေပြီ ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လက ခြေကျင်းဝတ်အရိုးကျိုးသွားခဲ့သည့် ဟက်ဇက်သည် ချယ်လ်ဆီးအသင်းနှင့် ရာသီကြိုခြေစမ်းခရီးစဉ်ကို လိုက်ပါနိုင်ခြင်းမရှိခဲ့ဘဲ အသင်းပိုင် Cobham လေ့ကျင့်ရေးကွင်းတွင် နည်းပြအကူအညီဖြင့် တစ်ဦးတည်း လေ့ကျင့်နေခြင်း ဖြစ်သည်။

ထိုလေ့ကျင့်နေသည့် ဗီဒီယိုဖိုင်ကို ဟက်ဇက်က လူမှုဝက်ဆိုက်စာမျက်နှာပေါ်တွင် တင်ခဲ့ပြီး ‘The recovery continues’ ဆိုပြီး ရေးသားခဲ့သည်။

ဟက်ဇက်မှာ တစ်ဦးတည်း လေ့ကျင့်ခန်းစတင်ပြုလုပ်နေပြီ ဖြစ်သလို ချယ်လ်ဆီးအသင်း၏ တိုက်စစ်မှူးသစ် မိုရာတာသည်လည်း အသင်းနှင့်အတူ လေ့ကျင့်ခန်းစဆင်းနေပြီ ဖြစ်သည်။

မိုရာတာသည် ချယ်လ်ဆီးအသင်းနှင့် စာချုပ်ချုပ်ဆိုပြီးနောက် အသင်းရှိရာ စင်ကာပူသို့ သွားရောက်ပူးပေါင်းခဲ့သည်။ ထို့နောက် ဇူလိုင်လ ၂၃ ရက်နေ့တွင် နည်းပြကွန်တီအပါအဝင် အသင်းဖော်သစ်များနှင့် တွေ့ဆုံပြီး လေ့ကျင့်ခန်းစတင် ပြုလုပ်ခဲ့သည်။

မိုရာတာသည် စပိန်နိုင်ငံအသင်းဖော်အက်စ်ပီလီကျူတာ၊ ဂိုးသမား ကာဘယ်လီယိုတို့နှင့် အတူ စကားလက်ဆုံရှိခဲ့ပြီး ပျော်ပျော်ရွှင်ရွှင်လေ့ကျင့်ခန်းဆင်းခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဇူလိုင်လ ၂၅ ရက်နေ့တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် နိုင်ငံတကာချန်ပီယံများဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ရည်ညွှန်း ချယ်လ်ဆီးဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly