မြန်​မာနိုင်​ငံတွင်​ H1N1​ရောဂါရှိသူ ၂ ဦးသာ တွေ့ရှိ

မြန်​မာနိုင်​ငံတွင်​ H1N1​ရောဂါရှိသူ ၂ ဦးသာ တွေ့ရှိ
ရန်ကုန်ဆေးရုံကြီးအား တွေ့ရစဉ်။

ရန်​ကုန်​၊ဇူလိုင်​၂၄ ။           ။ H1N1(ဆွိုင်​းဖလူး)​ရောဂါရှိသူနှစ်​ဦးသာ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရန်​ကုန်​အ​ထွေ​ထွေ​ရောဂါကု​ဆေးရုံကြီးမှ ​ဆေးရုံအုပ်​ကြီး ​ဒေါက်​တာဦး​အေးကိုကိုက ယနေ့ မနက်ပိုင်းတွင် အတည်ပြုပြောသည်​။

"အဲဒီ​နေ့ တစ်​​နေ့တည်​း နှစ်​​ယောက်​​လေ၊သောကြာနေ့"ဟု ​ဒေါက်​တာဦး​အေးကိုကိုက ပြောသည်​။

ရန်​ကုန်​​ဆေးရုံကြီး၌ ဇူလိုင်​၂၁ရက်​တွင်​ ​တွေ့ရှိခဲ့​ခြင်းဖြစ်ပြီး လူမှုကွန်ယက်မီဒီယာများတွင် ၁၆ ယောက်အထိ ကူးစက်ခံနေရကြောင်း ဖော်ပြခဲ့ကြသည်။ သို့သော် ၂ ဦးသာ ဖြစ်ကြောင်း ရန်​ကုန်​အ​ထွေ​ထွေ​ရောဂါကု​ဆေးရုံကြီးမှ ယနေ့ ဇူလိုင်လ ၂၄ ရက်တွင် အတည်ပြုခဲ့သည်။

​ရောဂါလက္ခဏာများတွေ့ရှိရာမှ စစ်​​ဆေးကြည်​့ရာ Positive(​ရောဂါဖြစ်​​ကြောင်​း)ပြ၍ စတင်​သိရှိခဲ့သည်​ဟု ရန်​ကုန်​​အ​ထွေ​ထွေ​ရောဂါကု​ဆေးရုံကြီး၏ ​ဆေးရုံအုပ်​ကြီး​ဒေါက်​တာဦး​အေးကိုကိုက ​ပြောသည်​။

၀က်တုပ်ကွေးဟု ပြောကြသော အဆိုပါရောဂါလက္ခဏာများမှာ ချောင်းဆိုးခြင်း၊ ဖျားနာခြင်း( ၃ ရက်နှင့်အထက်)၊ နှာစေးခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ကြွက်သားများရောင်ရမ်းခြင်း၊   နှာစေးခြင်းများ ဖြစ်သည်။

ထို့ကြောင့် H1N1 ဟု လူသိများသည်​့ Swine flu ဆွိုင်းဖလူး​ရောဂါ ကာကွယ်​​ရန်​အတွက်​နေမကောင်းပါက အပြင်ထွက်ခြင်း ရှောင်ရှားပါ၊ လက်ကို ရေနှင်​့ဆပ်ပြာသုံးပြီး မကြာခဏ​ဆေးပါ၊   နှာချေ ချောင်းဆိုးလျှင် နှာခေါင်းစည်း၊တစ်ရှူးသုံး၍ စနစ်​တကျစွန်​့ပစ်​ပါ၊ လူစည်​ကားရာကို တတ်​နိုင်​သမျှ​ရှောင်​ကြဉ်​ပါ အပါအဝင် ဒေါက်တာတင့်ဆွေက အကြံပြု​ပြောကြားထားသည်​။

အဆိုပါ H1N1 တွေ့ရှိခြင်းအတွက် ယနေ့ ဇူလိုင်လ ၂၄ ရက်တွင် ရန်ကုန်မြို့၊ တိုင်းကျန်းမာရေးရုံးတွင် ညနေ ၃ နာရီ ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly