မြန်မာနိုင်ငံရှိ ဒေသငါးခု ရေဖုံးလွှမ်းခံရနိုင်သည်ဟု ဦးထွန်းလွင် သတိပေး

မြန်မာနိုင်ငံရှိ ဒေသငါးခု ရေဖုံးလွှမ်းခံရနိုင်သည်ဟု ဦးထွန်းလွင် သတိပေး

ရန်ကုန် ၊ ဇူလိုင် ၂၄ ။          ။ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်း ငါးခုတွင် မိုးရွာသွန်းမှု များပြားခြင်းကြောင့် ရေဖုံးလွှမ်းခံရနိုင်မှု အခြေအနေ မြင့်တက်လာနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

"မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း တို့မှာ ရေဖုံးလွှမ်းခံရနိုင်မှု အလားအလာ မြင့်မားနေပါတယ်" ဟု သူ့၏ လူမှုကွန်ယက်စာမျက်တွင်   ရေးသားဖော်ပြထားသည်။

ယင်းအပြင် ယနေ့နံနက်၌ ချင်းပြည်နယ် ၊ရခိုင်ပြည်နယ် ၊ မကွေးတိုင်းအနောက်ပိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် နေရာကွက်ကြားမှ နေရာကျဲကျဲ မိုးအများဆုံးရွာသွန်းနေသည်ဟု ဦးထွန်းလွင်က ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့နံနက် ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တွင် ဒေသအလိုက် မိုးကြီးနိုင်ပြီး မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 မွန်ပြည်နယ် သိမ်ဇရပ်မြို့နယ်နှင့် ရှမ်းပြည်နယ် သီပေါမြို့တွင် မိုးရေချိန် စံချိန်ကျိုးခဲ့ပြီး ဇူလိုင်အတွင်း မြို့ ၂၀ ထက် မနည်း ပုံမှန်ရွာသွန်းနှုန်းထက်  မိုးရေချိန်များခဲ့ကြောင်း မိုးဇလ ဌာနက ထုတ်ပြန်ထားသည်။

လက်ရှိအချိန်၌ မကွေးတိုင်း ၊ ပဲခူးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ဧရာဝတီတိုင်းဒေသကြီး ၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တွင် ရေကြီးရေလျှံမှုများကြောင့် လူ တစ်သိန်းကျော်ခန့် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly