ရန်ကုန်လူငယ် အဖွဲ့အစည်းပြပွဲနှင့် ရံပုံငွေစျေးရောင်း ပွဲတော်ပြုလုပ်မည်

ရန်ကုန်လူငယ် အဖွဲ့အစည်းပြပွဲနှင့် ရံပုံငွေစျေးရောင်း ပွဲတော်ပြုလုပ်မည်

ရန်ကုန် ၊ သြဂုတ် ၇ ။        ။ နိုင်ငံတကာ လူငယ်များနေ့ အထိမ်းအမှတ် အဖြစ် “ရန်ကုန် လူငယ် အဖွဲ့အစည်း ပြပွဲ နှင့် ရံပုံငွေ ဈေးရောင်း ပွဲတော် ‘ ကို သြဂုတ် ၁၅ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ ကမာရွတ် ရှိ Judson Center၌ ကျင်းပ ပြုလုပ် သွားမည် ဖြစ် သည်။

ပွဲတော်ကို "နိုင်ငံအကျိုးပြု လူငယ်ထု၊ ပူးပေါင်းပါဝင်ချိတ်ဆက်မှု"  ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပြီး ထို ပွဲတော် တွင် ပညာရေး ကဏ္ဍတွင် လူငယ်ထု၏ ပူးပေါင်း ပါဝင ်ချိတ်ဆက်မှု ၊ အရပ်ဘက် အဖွဲ့အစည်း များ တွင် လူငယ်ထု၏ ပူးပေါင်း ပါဝင် ချိတ်ဆက်မှု ၊ ရွေးကောက်ပွဲ ဖြစ်စဉ်တွင် လူငယ်ထု၏ ပူးပေါင်း ပါဝင် ချိတ် ဆက်မှု ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် လူငယ်ထု၏ ပူးပေါင်း ပါဝင် ချိတ်ဆက်မှု စသည့် အကြောင်း အရာများ အပေါ် အခြေခံပြီး ကျင်းပ သွားမည် ဖြစ်သည်။

ရန်ကုန် လူငယ်ကွန်ယက်မှ အတွင်းရေးမှူး ကိုရဲဝင်းထွဋ်က " မနှစ်ကလည်း ဒီပွဲလေး လုပ်ဖြစ် ခဲ့တယ်။ လူငယ် တွေရဲ့ ပါဝင်နိုင်စွမ်းတွေ ပိုပြီး ပါဝင်လာဖို့ လူငယ်အဖွဲ့အစည်းတွေ ဘာတွေ လုပ်နေလည်း ဆိုတာ ပြည်သူလူထု တွေ သိစေချင်တာကြောင့် ဒီပွဲလေးကို လုပ်ဖြစ်တာပါ" ဟု ပြောသည်။

နိုင်ငံတကာလူငယ်များနေ့ကျင်းပရခြင်း ရည်ရွယ်ချက်များမှာ လူငယ်များနှင့် ပြည်သူ တစ်ရပ်လုံး မှ နိုင်ငံ တကာ လူငယ်များနေ့ အကြောင်း နှင့် နိုင်ငံ တည်ဆောက်ရေး ဖြစ်စဉ်တွင် လူငယ်တို့၏  အရေးကြီးသည့် အခန်း ကဏ္ဍကို သိရှိ သတိပြု မိလာစေရန် ၊ လူငယ်များနှင့် အရေးကြီး ဆက်နွယ် နေသည့် နိုင်ငံရေးရာ အကျိုးပြု ဆောင်ရွက်ရန် လိုအပ်ချက် များကို ဖော်ထုတ် ဆွေးနွေးရန် နှင့် လူငယ်များ တတ်ကြွစွာ ပူးပေါင်း ပါဝင် လာစေရန် ရည်ရွယ်ပြီး ကျင်းပ ပြုလုပ်ခြင်း ဖြစ်သည်။

ထိုပွဲတော်တွင် လူငယ်စာတမ်းတို ဖတ်ပွဲ နှင့် စကားဝိုင်းဆွေးနွေးပွဲ ၊ "နိုင်ငံအကျိုးပြု လူငယ်ထု ပူးပေါင်း ပါဝင် ချိတ်ဆက်မှု"  ဆိုင်ရာ စကားရည်လုပွဲ ၊ လူငယ် အဖွဲ့အစည်း ပြပွဲ နှင့် ဈေးရောင်းပွဲ ၊ ရေဘေးဒဏ်သင့် ပြည်သူများ အတွက် လူငယ် စွမ်းရည် ပြ ရန်ပုံငွေ မြှင့်တင်ပွဲ စသည့် အစီအစဉ်များ ပါဝင်မည် ဖြစ်သည်။

ထိုပွဲမှ ရရှိသည့် ရန်ပုံငွေများကို မြန်မာနိုင်ငံတွင် ရေဘေးသင့် ခံစားနေရသည့် ပြည်သူများကို လှူဒါန်း သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly