အုပ်စုဗိုလ်နေရာကို လက်လွှတ်လိုက်ရတဲ့ မြန်မာအသင်း

အုပ်စုဗိုလ်နေရာကို လက်လွှတ်လိုက်ရတဲ့ မြန်မာအသင်း

ဇူလိုင်လ ၂၃ ။            ။ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသော ၂၀၁၈ အာရှယူ-၂၃ချန်ပီယံရှစ်ခြေစစ်ပွဲ အုပ်စုအဆုံးအဖြတ်ပွဲအဖြစ် ယနေ့ ဇူလိုင်လ ၂၃ ရက်တွင် မြန်မာယူ-၂၂အသင်းနှင့်သြစတြေးလျယူ-၂၂အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက ၃ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

ခြေစစ်ပွဲအောင်မြင်ရန်အတွက် အုပ်စုဗိုလ်နေရာမှာ နှစ်သင်းစလုံးအတွက်အရေးပါသောပွဲဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းမှ ပရိသတ်များ များပြားစွာ အားပေးခဲ့ကြသည်။

လက်ရှိတွင် မြန်မာအသင်းမှာ အုပ်စုတွင်း နံပါတ် ရ နေရာမှ ထွက်ခွာသွာရပြီဟု သတင်းများထွက်ပေါ်နေသည်။

မြန်မာယူ-၂၂အသင်းမှာ အာရှယူ-၂၃ခြေစစ်ပွဲတွင် သြစတြေးလျ၊ ဘရူနိုင်း၊ စင်ကာပူအသင်းများနှင့်တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး စင်ကာပူကို ၂ - ၀ ဂိုး၊ ဘရူနိုင်းကို ၃ - ၀ ဂိ်ုးများဖြင့်အနိုင်ရခဲ့သလို သြစတြေးလျအသင်းကလည်း ဘရူနိုင်းကို ၂ - ၀ ဂိုး၊ စင်ကာပူကို ရ - ၀ ဂိုးများဖြင့်အနိုင်ရထားသည်။

ယခုပွဲ အဆုံးအဖြတ်အရ အုပ်စုဗိုလ်အဖြစ် သြစတေးလျအသင်း တက်ရောက်သွားခဲ့ခြင်း ဖြစ်သည်။

ပွဲအပြီးမှာ သြစတေးလျအသင်းက ဂျိုးဆက် (နည်းပြချုပ်)က " တရုတ်ကို သွားဖို့ ကျွန်တော်တို့ ကြိုပြင်ခဲ့ပါတယ်။ ဒါကြောင့်ပွဲကို သေချာ ချဉ်းကပ်ခဲ့ပါတယ်။ မြန်မာက တကယ်ကောင်းတဲ့အသင်းပါ။ မြန်မာအသင်းမှာ အနာဂတ်ကောင်းတွေရှိနေပါတယ်" ဟု ပြောသည်။

၂၀၁၈ အာရှယူ-၂၃ ချန်ပီယံရှစ်နောက်ဆုံးအဆင့်ပွဲစဉ်များကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ခြေစစ်ပွဲအုပ်စု ၁၀ခုမှ အုပ်စုဗိုလ် ၁၀သင်း၊ အကောင်းဆုံး အုပ်စုဒုတိယရ ငါးသင်း၊ စုစုပေါင်း ၁၆ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။

"သြစတြေးလျက မြန်မာကို အလွယ်တကူနိုင်သွားတာ မဟုတ်ပါဘူး။ ဒုတိယပိုင်းမှာရတဲ့အခွင့်အရေးတွေသာ ဂိုုးရခဲ့ရင် မြန်မာတောင်နိုင်သွားနိုင်ပါတယ်။ အသင်းကစားပုံကောင်းနေတဲ့အတွက် လူစားမလဲခဲ့တာပါ။ "ဟု မြန်မာယူ- ၂၂ လက်ရွေးစင်အသင်း၏ နည်းပြချုပ် ဂတ်ဇီဆီ က ပြောသည်။

ဓာတ်ပုံ-MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly