အိမ်မက်ဆုံရာ ရာသက်ပန် Season 5 မှ တေးရေး မြင့်မိုးအောင်၊ Winner မိုးသောက်၊ 3rd Runner Up ဟိန်းဇော် တို ့နှင့် တွေ့ဆုံခြင်း အပိုင်း(၁)

အိမ်မက်ဆုံရာ ရာသက်ပန် Season 5 မှ တေးရေး မြင့်မိုးအောင်၊ Winner မိုးသောက်၊ 3rd Runner Up ဟိန်းဇော် တို ့နှင့် တွေ့ဆုံခြင်း အပိုင်း(၁)

မဇ္ဈိမတီဗီကို ကြည့်ရှု့နေကြတဲ ့ပရိတ်သတ်များအားလုံးပဲ မင်္ဂလာပါ။ အခုတပတ်မှာ ဖိတ်ကြားထားတာကတော့ အိမ်မက်ဆုံရာ ရာသက်ပန် Season 5  မှာ အကဲဖြတ် ဒိုင်လူကြီးအဖြစ်ပါဝင် ဆောင်ရွက်ပေးခဲ့တဲ့ တေးရေး မြင့်မိုးအောင်၊ Winner ဆုကိုရရှိသွားတဲ့ ညီလေး မိုးသောက်၊ 3rd Runner Up ဆုကိုရရှိသွားတဲ့ ညီလေး ဟိန်းဇော် တို့ပဲ ဖြစ်ပါတယ်ခင်ဗျာ။

မဇ္ဈိမ - မင်္ဂလာပါ...။ ပြီးခဲ့တဲ့ အိပ်မက်ဆုံရာ ပြိုင်ပွဲကို ညီလေးတို့ အနေနဲ့ ခံစားရတဲ့ ခံစားချက်လေးနဲ ့ အမြင်လေး သိချင်ပါတယ်။

မိုးသောက် - ဟုတ်ကဲ့.. အိပ်မက်ဆုံရာ ရာသက်ပန် Season 5 ကျွန်တော်တို့ အတွက် ကံကောင်းပါတယ်။ ပြိုင်ပွဲက နားပြီဆိုတော့လေ။ နောက်.. ဒီအကဲဖြတ်ဒိုင်တွေပေါ့။ ဆရာတွေနဲ ့ ဆရာမြင့်မိုး၊ ဆရာဦးစောခူဆဲ၊ ကိုဇော်ပိုင်၊ မအယ်လ်ဆိုင်းဇီ အများကြီးပေါ့။ ဆရာတွေဆီက ပညာတွေ အများကြီးရခဲ့တယ်။ နောက်ထပ်သင်ဖို့လဲ ရှိပါတယ်။ တနိုင်ငံလုံးက ကြည့်ရှု့နေတဲ့ ပရိသတ်တွေရဲ့အပြောအရ အရမ်းကိုစည်ကားခဲ့ပါတယ်။ ခမ်းနားခဲ့ပါတယ်။ ပြိုင်ပွဲဝင်တွေ အားလုံးကလဲ တော်ကြပါတယ်လို ့ ကျွန်တော့် အနေနဲ့မြင်ပါတယ်။

မဇ္ဈိမ - ညီလေး ဟိန်းဇော်အနေနဲ့ရော အိပ်မက်ဆုံရာ ပြိုင်ပွဲကိုခံစားရတဲ့ ခံစားချက်လေးနဲ့ အမြင်လေး ပြောပေးပါဦး။

ဟိန်းဇော် - ကျွန်တော်အပါအဝင် အားလုံးရဲ့အမြင်ပေါ့။ မြန်မာနိုင်ငံမှာရှိတဲ့ သီချင်းအဆိုဝါသနာရှင် အားလုံးကို အိပ်မက်ဆုံရာ ရာသက်ပန် Season 5 ကြီးကနေ ဆရာတွေ ကတဆင့် ပြန်လည်ပြီးတော့ မွေးထုတ်ပေးတဲ အစီစဉ်ကြီးပါ။ အဲဒီကနေ တကယ့်အဆိုကောင်းတဲ့ အဆိုတော်တွေ ထွက်လာခဲ့တယ်။ ကျွန်တော်တို့ ဒီအခြေအနေထိ ရောက်လာတာဟာ ဆရာတွေသွန်သင်တဲ့  စကားတိုင်း အားလုံး ညီတူမျှတူ ကြိုးစားခဲ့ကြလို့ပါ။ အိပ်မက်ဆုံရာ ဆိုတဲ ့ အစီစဉ်ကြီးကလဲ တကယ်လိုအပ်နေတဲ့ အိပ်မက်ကြီးကို အကောင်အထည် ဖော်ပေးတဲ့ အစီအစဉ်ကြီးပါ။

မဇ္ဈိမ - ဟုတ်ကဲ့ပါ။ ကိုမြင့်မိုးအာင်အနေနဲ ့ ဒီအိပ်မက်ဆုံရာ ဆိုတဲ့ ပြိုင်ပွဲတွေနဲ့ပဲဖြစ်ဖြစ် အိပ်မက်ဆုံရာ ရာသက်ပန် Season 5 အပေါ်ဖြစ်ဖြစ် အမြင်လေးနဲ ့ သုံးသပ်ချက်လေးသိချင်ပါတယ်။

မြင့်မိုးအောင် - အိပ်မက်ဆုံရာ အစီအစဉ်ရဲ့ ထူးခြားချက်က ပထမဆုံးတစ်ခုကတော့ နိုင်ငံတကာပညာရှင်တွေနဲ့ ကျွန်တော်တို့ ပူးတွဲလုပ်ဆောင်တဲ့ စပြီး လုပ်ခဲ့တဲ့  သီချင်းဆိုပြိုင်ပွဲ တခုဖြစ်ပါတယ်။ အိပ်မက်ဆုံရာ ဆိုတဲ့ ခေါင်းစဉ်နဲ ့ Season 10 ခုြဲပီးခဲ့တယ်။ နောက်တခါ ရာသက်ပန် ဆိုတဲ့ ခေါင်းစဉ်နဲ့။ ဒါ ၅ ခုပေါ့။ အဲ့ဒီမှာ ကွာခြားချက်လေးက ရှေ့က ၁၀ ခုစလုံးက Music Producer လုပ်တာ တီးဝိုင်းကလုပ်တယ်။ ကျွန်တော်တို့က အကဲဖြတ် အမှတ်ပေးတယ်။ ခလေးတွေနဲ့ ရင်းနှီးမှု နဲနဲ နည်းခဲ့ပါတယ်။ ရာသက်ပန်ဆိုတဲ့ ခေါင်းစဉ်နဲ့ စလုပ်တဲ့ အခါကျတော့ ပြိုင်ပွဲဝင်တွေကို ကျွန်တော်တို့ တေးရေးဆရာတွေကိုယ်တိုင် Music Producer လုပ်ပြီးတော့ သွန်သင်ဆုံးမပြီးတော့ ကျွန်တော်တို့က ပြုပြင်တဲ့ အတွက်ကြောင့် ပိုပြီး နွေးနွေးထွေးထွး ရှိလာတယ်။ အစီအစဉ်တွေရဲ့ တင်ဆက်ပုံတွေကလဲ ပိုထူးခြားလာတယ်။ ပိုပြီးတော့ ထူးခြားလာတာကတော့ Season 4 နဲ ့5 မှာ ကျွန်တော်တို့က အသင်းခွဲပြီးတော့ ဆရာစောခူဆဲအသင်းနဲ့ ကျွန်တော့်အသင်းပေါ့။ ဆိုတဲ့အခါ ဆွဲဆောင်မှုလေးတွေ အပြိုင်အဆိုင်လေးတွေ ဆောင်ရွက်ကြတယ်။ နှစ်သင်းစလုံးက ပြိုင်ဆိုင်ကြတယ် ဆိုပေမယ့် ချစ်ခင်ရင်းနှီးစွာနဲ့ ဒါ.. ရလဒ်တခုကို ကောင်းဖို ့ကျွန်တော်တို့ ဝိုင်းပြီး ဆောင်ရွက်ကြပါတယ်။ ထူးခြားတာကတော့ အိပ်မက်ဆုံရာ Season 5 မှာ နည်းနည်း ကောင်းတဲ့သူတွေ ပိုများလာတယ် အကြိတ်အနယ် ပိုပြီးဖြစ်တယ်။ ပြိုင်ပွဲဝင်တွေ တစ်ယောက် Fan နဲ့တယောက် အတိုက်အခိုက်လေးတွေ အများကြီးကြားရတယ်ပေါ့ နော်။ ဆရာတွေကိုတောင် ပြောလာတာတွေ ဖြစ်လာတယ် ဘာပဲပြောပြော ဒါပြိုင်ပွဲကို ပရိတ်သတ် စိတ်ဝင်စားလာတဲ့ သဘောပဲလေ။ အဲဒီတော့ပြောရရင် Grand Final နှစ်ခုမှာလဲ ရာသက်ပန် Season 1 အောင်ထက် ဆုရတုန်းက အရမ်းကိုပရိတ်သတ်တွေ အုတ်အော်သောင်းနင်းဖြစ်ခဲ့တာပေါ့ ဒီတခေါက်လဲ သူတို့ ၄ ယောက်ကို အားပေးကြတဲ့ အနယ်နယ် အရပ်ရပ်က ပရိသတ်တွေ ရောက်လာ ပြီးတော့ သူတို့ အသံတွေနဲ့တင် ကျွန်တော်တို့က အားတွေရှိတာပေါ့နော်။ ပြိုင်ရတဲ့ ကလေးတွေမှာလဲ အားတွေရှိတာပေါ့။ ဒီတော့ ပြိုင်ပွဲဟာ တော်တော် အင်အားကောင်းကောင်းနဲ ့ အောင်မြင်စွာ ပြီးဆုံးသွားတယ်လို့ ပြောချင်ပါတယ်။

မဇ္ဈိမ - ဟုတ်ကဲ့ပါ။ နောက်ထပ် မေးချင်တာတစ်ခုကတော့ ညီလေးမိုးသောက်က ဒီပြိုင်ပွဲတလျှောက် ကြံုတွေ့ခဲ့ရတဲ့  အခက်အခဲနဲ့ အမှတ်တရလေးတွေလဲ ပရိသတ်ကို ပြောပြပေးပါဦး။

မိုးသောက် - အိပ်မက်ဆုံရာ Season 5 မှာ ကျွန်တော် အခက်အခဲတွေ အများကြီးပါ။ သီချင်းရွေးချယ်မှု မှန်ကန်ရတယ်။ ကိုယ်နဲ့ လိုက်တဲ့သီချင်း၊ ပရိတ်သတ်လဲကြိုက်၊ ဆရာတွေကြိုက်မယ့် သီချင်းလဲဖြစ်ရမယ်။ ဒါမှလဲ ပါမှာကိုး ...။ အဲဒီမှာ နံပါတ် ၁ အခက်အခဲပေါ့။ နောက်.. သွားလာရေး အခက်အခဲ။ လိုင်းကားစီးရတယ်။ ဘယ်နှစ်နာရီ အရောက်ဆို ရောက်အောင်သွားရတယ်။ လုပြေးနေရတယ်အချိန်နဲ့။ အဲ့ဒီအတိုင်းပဲ အခက်အခဲတွေက အဆင့်ဆင့် အများကြီးပါ။ ကျန်းမာရေးကောင်းဖို့လိုတယ်။ နောက်.. ဒီဇိုင်းနာ အကျႌကဘယ်မှာ သွားယူဆို ... အချိန်မီရောက်အောင် ၂၄ နာရီအတွင်းမှာ ပြေးယူ။ သီချင်းတိုက် လေ့ကျင့် အဲ့လို   အခက်အခဲတွေ အများကြီးပါ  ..။

မဇ္ဈိမ - ညီလေးဟိန်းဇော် အနေနဲ ့ မိုးသောက်အပေါ်မှာမြင်တဲ့ အမြင်လေးပြောပြပါဦး။

ဟိန်းဇော် - ကိုမိုးသောက်က ဟန်မဆောင်တတ်ဘူး။ ဒါကတာ့ ကျွန်တော်တို့လို ညီအစ်ကိုတွေ ကြားထဲမှာပါ။ စင်ပေါ်ရောက်ရင်တော့  ဟန်ဆောင်ကောင်းပါတယ် .. (ရယ်လျက်) သူက သီချင်းဆိုရင် Mode အပြည့်နဲ ့ဆိုတာ။ အမှန်က မျက်လုံးမှိတ်တာ စာသားမေ့မှာစိုးလို ့ (ပြိုင်တူရယ်လျက်).. အဲဒါတော့ ကျွန်တော်သိတယ် .. .. ။

အပိုင်း ၂ ဆက်လက်တင်ဆက်ပေးပါမည် ...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly