ကော်တင်ဟိုမှာ ရောင်းရန်မဟုတ်ဟု ဘာစီလိုနာအသင်းကို လီဗာပူးလ်နည်းပြ ကလော့ပ် ပြင်းပြင်းထန်ထန် သတိပေး

ကော်တင်ဟိုမှာ ရောင်းရန်မဟုတ်ဟု ဘာစီလိုနာအသင်းကို လီဗာပူးလ်နည်းပြ ကလော့ပ် ပြင်းပြင်းထန်ထန် သတိပေး

ဇူလိုင် ၂၃၊ အင်္ဂလန် ။             ။ ကော်တင်ဟိုမှာ အသင်း၏ အဓိက တိုက်စစ်ကစားသမားတစ်ဦးဖြစ်ပြီး ရောင်းရန်မဟုတ်ကြောင်း ဘာစီလိုနာအသင်းကို လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။

ဘာစီလိုနာအသင်းက ကော်တင်ဟိုအတွက် ပေါင် ရ၂ သန်းဖြင့် ကမ်းလှမ်းခဲ့သည်ကို လီဗာပူးလ်အသင်းက ပယ်ချခဲ့ပြီးနောက် ဘာစီလိုနာက ကြေးထပ်မံတိုးမြှင့်ကာ ကမ်းလှမ်းရန် ပြင်ဆင်လျက်ရှိသည်။ ထို့ကြောင့် လီဗာပူးလ်နည်းပြ ကလော့ပ်က ယခုကဲ့သို့ သတိပေးလိုက်ခြင်း ဖြစ်သည်။

‘ကျွန်တော်က ကော်တင်ဟိုဟာ ရောင်းရန်မဟုတ်ဘူးလို့ ပြောရင် ဒါက ရောင်းရန်မဟုတ်ပါပဲ။ ဒီထက်ပိုပြီး ပြောစရာမရှိပါဘူး။ ဒါက အသင်းရဲ့ဆုံးဖြတ်ချက်ဖြစ်သလို ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်’ ဟု ကလော့ပ်က ပြောသည်။

လီဗာပူးလ်အသင်းက လက်စတာအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်အာရှဖလားဗိုလ်လုပွဲတွင် ကော်တင်ဟိုသည် လီဗာပူးလ်အတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။

ထိုပွဲအပြီးတွင် ကလော့ပ်က ‘ကော်တင်ဟိုက ကျွန်တော်တို့အသင်းအတွက် အဓိက ကစားသမားဆိုတာ အားလုံးသိပါတယ်။ လီဗာပူးလ်မှာ ဘာတွေပဲ ဖြစ်နေနေ ကော်တင်ဟိုရဲ့ ခံစားမှုက အေးအေးဆေးဆေးနဲ့ သက်သောင့်သက်သာရှိနေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ သူဟာ လီဗာပူးလ်အသင်းကို ချစ်သလို လီဗာပူးလ်မြို့ကိုလည်း ချစ်တယ်ဆိုတာ ရှင်းပါတယ်’ ဟု ပြောဆိုခဲ့သည်။

ဘာစီလိုနာအသင်းသည် နေမာကို ပီအက်စ်ဂျီအသင်းထံ ပေါင် ၁၉၅ သန်းဖြင့်ရောင်းချပြီး ကော်တင်ဟိုနှင့်အစားထိုးရန် ကြံစည်နေခြင်းဖြစ်သည်ဟု သတင်းများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly