သြဂုတ်လမှာ သီချင်းအသစ်၂ပုဒ်ကို အွန်လိုင်းကနေ ချပြမယ့် X Box

သြဂုတ်လမှာ သီချင်းအသစ်၂ပုဒ်ကို အွန်လိုင်းကနေ ချပြမယ့် X Box

ရန်ကုန်၊ ဇူလိုင်လ ၂၂ ။             ။ လူငယ်ပရိတ်သတ်တွေအခိုင်အမာရရှိထားတဲ့  ဟစ်ဟော့အဆိုတော် X Box ဟာ ယခုလာမယ့် သြဂုတ်လထဲမှာ ပရိသတ်တွေအတွက် သီချင်းအမျိုးအစားမတူတဲ့ ၂ပုဒ်ကို ချပြသွားဖို့ ပြင်ဆင်နေပါတယ်။ အရင်ကပုံစံအတိုင်း မဆိုနိုင်တော့ဘူးလို့ ထင်နေတဲ့ Rapper တွေအတွက် အကြမ်းလေးလုပ်ထားပါတယ်လို့ X Box က ပြောပါတယ်။

"အဓိက က Rapper တွေ အကြိုက်လုပ်တာကလည်း X Box က အရင်ပုံစံအတိုင်း မဆိုတော့ဘူး၊ မဆိုနိုင်တော့ဘူးလို့ အားမလိုအားမရဖြစ်နေတဲ့ ဟစ်ဟော့ပရိသတ်တွေအတွက်   ဖြစ်တယ်၊နောက်တစ်ပုဒ်က လက်ရှိ ကျွန်တေ်ာ့ကို အားပေးတဲ့ လူငယ် မိန်းကလေးတွေရော ယောကျင်္ားလေးတွေရော ပရိသတ်တွေအတွက်ပါ"လို့ ဆိုပါတယ်။ Hip Hop အဆိုတော် X Box ဟာ ၂၀၁၇ခုနှစ် နိုဝင်ဘာလမှာ သူရဲ့တစ်ကိုယ်တော်အခွေကို ထွက်ရှိဖို့လည်း ပြင်ဆင်နေပါတယ်၊၊ နောက်လမှာ ထွက်ရှိလာမယ့် သီချင်း၂ပုဒ်ကတော့ အွန်လိုင်းကနေ ပရိသတ်တွေ နားထောင်ပြီး ရှိုးပွဲတွေမှာ အတူလိုက်ဆိုနိုင်ဖို့ရည်ရွယ်ပြီး လုပ်ထားတယ်လို့ X Box က ပြောပါတယ်။

"ဒါ အွန်လိုင်းမှာ ပရိသတ်ကို ဒီအတိုင်းကျွန်တေ်ာ ကြားထဲမှာ ကျွန်တော်သီချင်းတွေ ရှိုးပွဲတွေမှာလည်း အသစ်ဆိုလို့ရအောင် ပရိသတ်ကိုလည်း အလကားပေးပြီး ခံစားခိုင်းတဲ့သဘောပါ"လို့ X Box က ပြောပါတယ်။

 မတူညီတဲ့ သီချင်းပုံစံ၂ပုဒ်ကို ဖန်တီးထားတဲ့အတွက် ပရိသတ်တွေအနေနဲ့ သီချင်းတစ်ပုဒ်ကို ကြိုက်ရင် နောက်တစ်ပုဒ်ကို ကြိုက်မှာ မဟုက်ဘူးလို့ ပြောပါတယ်။နောက်လမှာ အွန်လိုင်းပေါ်ကနေ ထွက်လာမယ့်သီချင်း၂ပုဒ်ရဲ့ခေါင်းစဉ်က အပြင်တွေလျှောက်မသွားနဲ့ ၊  ရွတ်  တို့ပဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly