တွင်ကျယ်နေဆဲ ရိုးရာ​ခြေညှပ်​ဖိနပ်​လုပ်​ငန်​းများ

တွင်ကျယ်နေဆဲ ရိုးရာ​ခြေညှပ်​ဖိနပ်​လုပ်​ငန်​းများ

မ​ကွေးတိုင်​း​ဒေသကြီး ၊ပခုက္ကူ မြို့​ အမှတ်​ ၁၂၊ အမှတ်​ ၁၃ ရပ်​ကွက်​များတွင်​တပိုင်​တနိုင်​ ရိုးရာ​ခြေညှပ်​ဖိနပ်​လုပ်​ငန်​းများ တွင်​ကျယ်​စွာ လုပ်​​ဆောင်​လျက်​ရှိသည်​။

ယင်​းရိုးရာ​ခြေညှပ်​ဖိနပ်​လုပ်​များမှ ရဟန်း​စီး သား​ရေဖိနပ်​နှင်​့ကတ္တီပါဖိနပ်​များ၊ အမျိုးသား၊အမျိုးသမီး စီး သား​ရေဖိနပ်​နှင့်​ကတ္တီပါဖိနပ်များအား အများဆုံးထုတ်​လုပ်​ကြသည်​။

"ရိုးရာ​ခြေညှပ်​ဖိနပ်​က ကျန်​းမာ​ရေးနဲ့ညီညွတ်​တယ်။​နေပူထဲသွားရင်​ ​ခြေဖဝါး​တွေမပူဘူး။​ခြေဆီ​တွေ စုတ်​ယူမှုရှိတယ်​။အပူဒါဏ်​ကာကွယ်​လို့ ​ကောင်​းတယ်​"ဟု ပခုက္ကူမြို့ မှ ချင်​းတွင်​းဖိနပ်​လုပ်​ငန်​းပိုင်​ရှင်​ ဦးရဲထွဋ်​ က ဆိုသည်​။

မြန်​မာ့ရိုးရာ ​ခြေညှပ်​ဖိနပ်​များအားပြုလုပ်​ရာတွင်​ ကုန်​ကြမ်​းအ​နေဖြင်​့ နွားသားရေ၊ ရာဘာတို့ဖြင်​့ အဓိက ပြုလုပ်​ရပြီး မန္တ​လေး ၊မြင်​းခြံ၊မုံရွာ၊​မော်လ​​မြိုင်​အစရှိသည်​့ မြို့များမှ မှာယူကြရသည်​။

"လက်​မှုလုပ်​ငန်​းထွက်​တဲ့ ပစ္စည်​းတွေဖြစ်​​နေ​တော့ လုပ်​ငန်​းတွင်​ကျယ်​မှုက စက်ရုံထုတ်ဖိနပ်များနဲ့​​​​ကွာခြား​နေတယ်​။ ရိုးရာ​ခြေညှပ်​ဖိနပ်​​တွေက လက်​လုပ်​ပစ္စည်​​း​တွေဖြစ်​တဲ့အတွက်​​တော့ နိုင်​ငံခြားဖြစ်​ စက်​ရုံထုတ်​ ဖိနပ်​​တွေနဲ့ ယှဉ်​ရင်​​တော့ ​စျေးကွာဟမှုရှိ​နေတယ်​။ဒါ​ပေမယ်​့ သုံးစွဲရင်​ အကြိုက်​​တွေ့ကြမှာပါ"၎င်းက ဆိုသည်​။

အဆိုပါ ရိုးရာဖိနပ်​လုပ်​ငန်​းများအ​နေဖြင်​့ မိုးရာသီလွတ်​ကင်​းချိန်​ သီတင်​းကျွတ်​လမှ ဖိနပ်များမှာယူမှု စတင်​ချိန်​ဖြစ်​ပြီး ​နေပြည်​​တော်​၊ရန်​ကုန်​၊စစ်​​တွေ၊မုံရွာ၊​တောင်​တွင်​းကြီး၊​မော်​လမြိုင်​နှင်​့ ဧရာဝတီတိုင်​းရှိ မြို့အများစုအား ပို့​ဆောင်​​ပေးရပြီး ကဆုန်​လမှ စတင်​ကာ မှာယူမှုနည်​ပါးသွားသည်​ဟု ဖိနပ်​လုပ်​ငန်​းရှင်​များက ဆိုသည်​။

"အရင်​က ဖိနပ်​လုပ်​သား များကြတယ်​။ တစ်​ရပ်​ကွက်​လုံးနီးပါး ဖိနပ်​လုပ်​ကြတယ်​။ ခုက​တော့ နိုင်​ငံခြားဖိနပ်​​တွေ ဝင်​လာတဲ့အခါ ရိုးရာ​ခြေညှပ်​ဖိနပ်​က လူသုံးနည်​းသွား​တော့ လုပ်​သား​တွေကို အရင်​က​လောက်​ အလုပ်​မ​ပေးနိုင်​​တော့ဘူး။ ပြီး​တော့ ၁၂​ရာသီ အလုပ်​မ​ပေးနိုင်​တာလည်​းပါ​နေ​တော့ လုပ်​သား​တွေက အခြားအလုပ်​​တွေ ​ပြောင်​းလုပ်​ကုန်​ကြတယ်​။ မှာယူမှုများတဲ့အခါ လိုသ​လောက်​​တော့ အချိန်​မှီမပို့နိုင်​​တော့ဘူး"ဟု ဖိုက်​စတား ဖိနပ်​လုပ်​ငန်​းပိုင်​ရှင်​ ကို​ဇော်​ထက်​​အောင်​က ဆိုသည်​။

လက်​ရှိအချိန်​တွင်​ မြန်​မာ့ရိုးရာ​ခြေညှပ်​ဖိနပ်​များအ​နေဖြင်​့ ​ပျောက်​ကွယ်​လုဆဲဆဲအ​ခြေအ​နေများဖြင်​့ ရင်​ဆိုင်​​နေရပြီး လုပ်​ငန်​းရှင်​များအ​နေဖြင်​့လည်​း ၎င်းတို့၏ ရိုးရာလုပ်​ငန်​းများအား မ​ပျောက်​ပျက်​​စေ​ရေး အရည်​အ​သွေးမြင်​့မားလာ​စေရန်​ ကြိုးပမ်​း​နေရလျှက်​ရှိသည်​။ယင်​းလုပ်​ငန်​းများမ​​ပျောက်ပျက်​ေ​​စ​ရေး ထိန်းသိမ်း​​ထားနိုင်​ရန်အတွက် ​​ေ​​သးစား​ချေး​ငွေလုပ်​ငန်​းများ နှင်​့နှစ်​ရှည်​ချေး​ငွေများ ချထား​ပေး​ရေး​မျှော်​လင်​့လျှက်​ရှိ​နေကြသည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly