မိုရာတာကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၇၀.၆) သန်းဖြင့် ချဲလ်ဆီးအသင်း အပြီးသတ် ခေါ်ယူ

မိုရာတာကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၇၀.၆) သန်းဖြင့် ချဲလ်ဆီးအသင်း အပြီးသတ် ခေါ်ယူ
(ဓာတ်ပုံ - ချယ်လ်ဆီး)

ချယ်လ်ဆီးအသင်းဟာ ရီးယဲလ်မှ မိုရာတာကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ၅ နှစ်စာချုပ်နဲ့ အပြီးသတ်ခေါ်ယူခဲ့ပြီပါတယ်။

ချဲလ်ဆီးအသင်းဟာ အယ်လ်ဗာရိုမိုရာတာကို ပေါင် ရ၀.၆ သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ ့ကြာသပတေးနေ့မှာ ရီးရဲလ်မက်ဒရစ် အခြေစိုက်လေ့ကျင့်စခန်း လော့စ်အိန်ဂျလိစ်မှ ဟက်သရိုးလေဆိပ်သို့ ရောက်ရှိလာခဲ့ကာ ချဲလ်ဆီးရဲ့ ကော့ဟမ်းလေ့ ကျင့်ရေးကွင်းမှာ ဆေးစစ်မှုခံယူခဲ့ပါတယ်။

မိုရာတာဟာ ၂၀၀၈ ခုနှစ်က  ရီးယဲလ်ရဲ့ လူငယ်အသင်းမှာ ဝင်ရောက်ခဲ့ပြီး ၂၀၁၀ ခုနှစ် အသက် ၁၈ အရွယ်မှာ စီနီယာအသင်းကြီးမှာ ပွဲဦးထွက် ကစားခဲ့ရသူဖြစ်ပါတယ်။

မိုရာတာအနေနဲ့ ချဲလ်ဆီးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၁၅၅၀ဝဝ ရရှိမှာဖြစ်ပြီး လာမယ့် အပတ်အတွင်း အသင်းနဲ့အတူ  စင်ကာပူမှာ သွားရောက် ပူးပေါင်းမှာဖြစ်ပါတယ်။

“ဒီအသင်းကို ရောက်လာရတဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ ဒါဟာ ဒီလို အသင်းကြီးတစ်သင်းရဲ့ အစိတ်အပိုင်းအနေနဲ့ပါဝင်ခွင့်ရတာ မယုံနိုင်စရာကောင်းတဲ့ ခံစားမှုမျိုးပါ။”လို့ မိုရာတာက ပြောပါတယ်။

မိုရာတာဟာ နည်းပြ မော်ရင်ဟိုက အဲဗာတန်တိုက်စစ်မှူး လူကာကူကို မခေါ်ယူခင်အထိ ယခုရာသီ အပြောင်းရွှေ့အစောပိုင်းက မန်ယူရဲ့ ပစ်မှတ်တစ်ခုဖြစ်ခဲ့ပါတယ်။

“ရှေ့လျှောက် အလုပ်ကြိုးစားပြီး အသင်းအတွက် တတ်နိုင်သမျှ ဂိုးတွေသွင်းယူပေးသွားမှာဖြစ်သလို ဆုဖလားတွေ အများကြီး ရရှိအောင် ကြိုးစားသွားမှာပါ။”လို့ မိုရာတာက ပြောဆိုခဲ့ပါတယ်။

မိုရာတာဟာ ၂၀၁၄ ခုနှစ်မှာ စပိန်လက်ရွေးစင်အသင်းနဲ့ စတင်ပွဲဦးထွက်ပြီးနောက်ပိုင်း အသင်းအတွက် ပွဲ (၂၀) ကစားပြီး (၉)ဂိုး သွင်းယူခဲ့ပါတယ်။

ချဲလ်ဆီးအသင်းနည်းစနစ်ဒါရိုက်တာ မီချယ်အီမန်နယ်လိုကလည်း “မိုရာတာကို ခေါ်ယူစာချုပ်နိုင်တဲ့အတွက် ဝမ်းမြောက်ပြီး သူ့ကို ကလပ်အသင်းက ကြိုဆိုပါတယ်။ သူက ချဲလ်ဆီးအသင်းအတွက် ကြီးကျယ်တဲ့ပုံရိပ်တွေကို ဖန်တီးပေးနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်”လို့ ဆိုပါတယ်။

ရီးယဲလ်အသင်းဟာ ပြန်လည်ခေါ်ယူခွင့် စာချုပ်ပါအချက်အလက်နဲ့အတူ သူ့ကို ၂၀၁၆ ခုနှစ် ဇွန်လမှာ ဘာနေဗျူးဆီ ခေါ်ယူခဲ့ပါတယ်။

မိုရာတာဟာ ဂျူပီတပ်စ်အသင်းမှ ရီးယဲလ်ကို ပြည်လည်ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီက ဂိုး (၂၀) သွင်းယူခဲ့ပါတယ်။ သူဟာ လာလီဂါနှင့် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် အရန်ကစားသမားတစ်ယောက်အနေနဲ့ အဓိက ပွဲထွက်ကစားခဲ့ရသူဖြစ်ပါတယ်။

၆ ပေ ၃ လက်မရှိ တိုက်စစ်မှူးဟာ ၂၀၁၄ ခုနှစ် အီတလီကလပ် ဂျူပင်တပ်စ်ဆီ ပြောင်းရွှေ့ခဲ့ပြီး နှစ်ရာသီမှာ ဂိုး (၂၇)ဂိုး သွင်းယူခဲ့ပါတယ်။ သူဟာ အသင်းနဲ့အတူ ၂၀၁၅ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကစားခဲ့ပြီး စီးရီးအေနှင့် အီတလီ ကိုပါဖလားကို နှစ်ကြိမ်စီရရှိခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဂိုးသမား ဝီလီကာဘယ်လီယို၊ နောက်ခံလူ အန်တိုနီယို ရူဒီဂါနှင့် ကွင်းလယ်လူ ဘာကာယိုကိုတို့ ခေါ်ယူခဲ့ပြီးနောက် အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ပရီးမီးယားလိဂ် ချန်ပီယံအသင်းရဲ့ နွေရာသီမှာ ခေါ်ယူတဲ့ ၄ ယောက်မြောက် ကစားသမားဖြစ်လာပါတယ်။

Ref; Sky Sports, BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags