အက်သလက်တီကိုမှ ဂျာ​ဗီရာ မန်​ကွီလိုကို ၃ နှစ် စာချုပ်နဲ့ နယူကာဆယ်လ်အသင်း ခေါ်ယူ

အက်သလက်တီကိုမှ ဂျာ​ဗီရာ မန်​ကွီလိုကို ၃ နှစ် စာချုပ်နဲ့ နယူကာဆယ်လ်အသင်း ခေါ်ယူ
(ဓာတ်ပုံ - နယူးကာဆယ်လ်)

နယူးကာဆယ်လ်ယူနိုက်တက်ဟာ အက်သလက်တီကိုမှ စပိန်ကစားသမား ဂျာ​ဗီရာ မန်​ကွီလိုကို ၃ နှစ် စာချုပ်နဲ့ ခေါ်ယူလိုက်လိုက်ကြောင်း သောကြာနေ့က ကြေညာခဲ့ပါတယ်။

မန်​ကွီလိုဟာ အသင်းသစ်ကို ပူးပေါင်းခဲ့ကြောင်း၊ ပြောင်းရွှေ့ကြေး အချက်အလက်ဖော်ပြခြင်းမရှိတာကို တွေ့ရပါတယ်။

အသက် ၂၃ နှစ်အရွယ် မန်ကွီလိုဟာ ကစားသမားအစကို လာလီဂါကလပ် အက်သလက်တီကိုမှာ စတင်ခဲ့ပြီး လီဗာပူးလ်မှာ အငှားနဲ့ သွားရောက်ကစားခဲ့သလို နောက်ဆုံး ၃ ရာသီမှာ မာဆေးနှင့် ဆန်းဒါလန်းတို့မှာလည်း အငှားနဲ့ ကစားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ နယူးကာဆယ်လ်ဟာ နွေရာသီအပြောင်းအရွှေ့မှာ အင်္ဂလန်တောင်ပံကစားသမား ဂျဲကုပ် မာဖီ၊ ဂါနာကစားသမား ခရစ္စတန် အာစုနှင့် ပြင်သစ်ဗဟိုနောက်ခံလူ ဖလိုယမ် လီယုူနက်တို့ ခေါ်ယူထားပြီးနောက် မန်ကွီလိုဟာ အသင်းအတွက် ၄ ယောက်မြောက် ခေါ်ယူမှုဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags