အိုင်အက်စ်တို့ ဆော်ဒီအာရေဗျတွင် ဗလီအား အသေခံဗုံးခွဲ၍ လူ ၁၅ ဦးသေဆုံး

အိုင်အက်စ်တို့ ဆော်ဒီအာရေဗျတွင် ဗလီအား အသေခံဗုံးခွဲ၍ လူ ၁၅ ဦးသေဆုံး

ဆော်ဒီအာရေဗျနိုင်ငံတွင် ဗလီတစ်ခုအား အသေခံဗုံးခွဲ တိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွား၍ လူပေါင်း ၁၅ ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။

အသေခံဗုံးခွဲခံရသည့် ဗလီသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ အသုံးပြုလျက်ရှိသည့် ယီမင်နယ်စပ်အနီး အက်ဘဟာမြို့တွင်းရှိ ဗလီဖြစ်ကြောင်း အကြီးတန်းဆော်ဒီအရာရှိတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို အိုင်အက်စ်တို့က ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုပြင် မေလအတွင်းက ရှီးယိုက်ဗလနှစ်ခုကို တိုက်ခိုက်မှုကြောင့် လူအများအပြားသေကျေခဲ့မှုသည်လည်း ၎င်းတို့လက်ချက်ပင်ဖြစ်ကြောင်း အတည်ပြုဆိုသည်။

ဆော်ဒီအာရေဗျနိုင်ငံတွင်း ပြီးခဲ့သည့်နှစ်များအတွင်း ယခုကဲ့သို့ တစ်ချက်ကောင်းဗုံးခွဲတိုက်ခိုက်မှုများ များစွာပေါ်ပေါက်လာခဲ့ကြောင်း စောင့်ကြည့်လေ့လာသူများက ဆိုသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါ ပါဝင်သည့် နေ့လည်ဝတ်ပြုချိန်တွင် ဗုံးကို ဖောက်ခွဲပစ်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အထူးလက်နက်ကိုင်နှင့် နည်းဗျူဟာ Swat တပ်ဖွဲ့ဝင် လုံခြုံရေးတပ်ဖွဲ့များ ဗုံးခွဲမှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ဘီဘီစီသတင်းဌာနသို့ ပြောကြားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly