သေနတ်သမားကြည်လင်းအား ဖမ်းဆီးရာတွင်ပါဝင်ခဲ့သူ ရဲအရာရှိနှင့် လုံခြံုရေးဝန် ထမ်းနှစ်ဦးကို စစ်ဆေး

သေနတ်သမားကြည်လင်းအား ဖမ်းဆီးရာတွင်ပါဝင်ခဲ့သူ ရဲအရာရှိနှင့် လုံခြံုရေးဝန် ထမ်းနှစ်ဦးကို စစ်ဆေး

ရန်ကုန်၊ ဇူလိုင်လ ၂၁ ။            ။ ရှေ့နေ ဦးကိုနီကို လုပ်ကြံခဲ့သူ သေနတ်သမားကြည်လင်းအား ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရဲအရာရှိနှင့်   လေဆိပ်လုံခြံုရေးဝန်ထမ်းနှစ်ဦးတို့ကို ယနေ့ ဇူလိုင်လ ၂၁ ရက် ရုံးချိန်းတွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၌ လူသတ်မှုအတွက် စစ်ဆေးခဲ့သည်။

အဆိုပါ စစ်ဆေးခဲ့သည့် တရားလိုပြသက်သေ ၃ ဦးမှာ အမှတ်(၅) လုံခြံုရေး ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဇော်လတ်၊ လေ ဆိပ်ပါကင် လမ်းရှင်းတာဝန်ခံ ဦးအောင်မြင့်ဦးနှင့် လေဆိပ်လုံခြံုရေးဝန်ထမ်း ကိုလှမျိုးအောင်တို့ဖြစ်ပြီး ယင်း ၃ဦး အပါအဝင် လူသတ်မှုအတွက် စစ်ဆေးခဲ့သည်မှာ စုစုပေါင်း တရားလိုပြသက်သေ ၈ ဦး ရှိပြီးဖြစ်ကြောင်း သိရသည်။

လိုပြသက်သေ ၃ ဦး တရားခွင်တွင် ထွက်ဆိုချက်များမှာ သေနတ်သမားကြည်လင်း သေနတ်ပစ်ခတ်ခဲ့သည့် အကြောင်းနှင့် ၄င်းအား ပြည်သူများမှ လိုက်လံဖမ်းဆီးခဲ့သည့် အကြောင်းအရာများအား ထွက်ဆိုသွားခဲ့ ကြောင်း အငှားယာဉ်မောင်းကိုနေဝင်းမိသားစုဘက်မှ လိုက်ပါလိုက်ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေဦးရောဘတ်စန်းအောင်က ပြောသည်။

“ အမှုအခြေအနေက တရားလိုဘက်က တိုးတက်မှုရှိတယ်လို့ပဲ ပြောရမှာပဲ။ ဘာကြောင့်လဲဆိုတော့ သက်သေ တွေရဲ့ထွက်ဆိုချက်တွေက သံကြိုးကွင်းဆက်ညီအောင် ထွက်နေတယ်။ တစ်ခုနဲ့တစ်ခု လက်ဆင့်ကမ်း သွား တယ်ဗျ။ ဖြစ်ရပ်က တဖြည်းဖြည်းနဲ့ ပန်းချီကားတစ်ချပ်လို ပေါ်လာတယ်။ နောက်သက်သေတွေမှာ ပိုပြီးပေါ်လာ မှာပေါ့။ သို့သော် အင်မတန် အရေးကြီးတဲ့ သက်သေတွေက တက်မလာသေးဘူး”ဟု ဦးရောဘတ်စန်းအောင် က ပြောသည်။

ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုတွင် လူသတ်မှုအတွက် တရားလိုပြသက်သေ ၈ဝ ဦးထိရှိပြီး အဆိုပါ လူသတ်မှုနှင့် သက်ဆိုင်သည့် လိုပြသက်သေများကို ဇွန်လ ၃ဝ ရက်နေ့ရုံးချိန်းမှ စတင်ကာ မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးနေခြင်းဖြစ်သည်။

“ပထမပိုင်းစစ်ကြောရေးအရ ကြည်လင်းကို ဖမ်းဆီးခဲ့တာတွေပဲ။ လိုပြသက်သေတွေက ထွက်ဆိုမှုပဲ ရှိတယ်။ ဒုတိယအပိုင်းကြမှ ကြည်လင်းနဲ့ ပတ်သက်ပြီး အောင်ဝင်းထွန်း၊ အောင်ဝင်းဇော်၊   အောင်ဝင်းခိုင်နဲ့ ဇေယျာဖြိုးတို့ ဘယ်လို ပါဝင်ပတ်သက်နေလဲဆိုတာ ရဲတပ်ဖွဲ့က အထောက်အထားအပြည့်အစုံနဲ့ ရုံးရှေ့သက်သေခံမှပဲ ကျွန် တော်တို့က သိရမှာဖြစ်တယ်”ဟု   အောင်ဝင်းထွန်း၊ အောင်ဝင်းဇော်တို့ဘက်မှ လိုက်ပါဆောင်ရွက်သည့် အထက်ရှေ့နေ ဦးအောင်ခိုင်က ဆိုသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး လူသတ်မှုအတွက် လာမည့် ဇူလိုင်လ ၂၈ ရက်နေ့ ရုံးချိန်းတွင်လည်း သေနတ် သမားကြည်လင်း အပါအဝင် ၄ ဦးနှင့် သက်ဆိုင်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃ဝ၂/၃၄/၂၁၂ အမှုအတွက် တရားလိုပြသက်သေများဖြစ်သည့် လေဆိပ်လုံခြံုရေး ဦးမောင်ဌေးအပါအဝင် ၃ ဦးအား ဆက်လက် စစ်ဆေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly