ဂျေဇီ၏ တေးသံသွင်းကုမ္ပဏီ Roc Nation နှင့် တရားဝင်စာချုပ်ချုပ်ဆိုခဲ့သည့် ဂျေးပါ့ခ်

ဂျေဇီ၏ တေးသံသွင်းကုမ္ပဏီ Roc Nation နှင့် တရားဝင်စာချုပ်ချုပ်ဆိုခဲ့သည့် ဂျေးပါ့ခ်

တောင်ကိုရီးယားရက်ပ်အဆိုတော် ဂျေးပါ့ခ်သည် အမေရိကန်ဂီတစျေးကွက်ထဲသို့ ၀င်ရောက်နိုင်ရန်အတွက် ခြေလှမ်းသစ်တစ်ခုကို ပြုလုပ်လိုက်ပြီဖြစ်သည်။

ဇူလိုင် ၂၁ရက်နေ့တွင် ဂျေးပါ့ခ်နှင့် သက်ဆိုင်သည့်အဖွဲ့အစည်းက “ ဂျေးပါ့ခ်ဟာ မကြာသေးခင်ကပဲ အမေရိကန်က နာမည်ကြီးတေးသံသွင်းကုမ္ပဏီဖြစ်တဲ့ Roc Nation နှင့်အတူ တရားဝင်စာချုပ်ချုပ်ဆိုလိုက်ပြီး အမေရိကန်ပြည်တွင်းမှာ ထိုးဖောက်သွားနိုင်ဖို့ အစီအစဉ်များ ပြုလုပ်နေပါတယ်” ဟု ပြောဆိုခဲ့သည်။

ထိုသို့ပြုလုပ်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ “အသေးစိတ်ကို မကြာခင်မှာပဲ အတည်ပြုကြေညာသွားပါ မယ်။ ဒါဟာ အမေရိကန်စျေးကွက်ကို ထိုးဖောက်ဝင်ရောက်မယ့် အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလို့ ခင်ဗျားတို့ ယူဆလို့ရပါတယ်။ ကိုရီးယားနိုင်ငံအတွင်းမှာရှိတဲ့ အနုပညာလုပ်ငန်းတွေအတွက်ကိုတော့ သူ့ရဲ့တေးသံသွင်း ကုမ္ပဏီ AOMG ကပဲ ဦးဆောင်ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယခုရက်ပိုင်းအတွင်းမှာပဲ ဂျေးပါ့ခ်သည် သူ၏ အင်စတာဂရမ်၌ အဆိုပါသတင်းကောင်းနှင့် ပတ်သက်၍ ပို့စ်တစ်ခုကို တင်ခဲ့သလို Roc Nation ၏ တရားဝင် အင်စတာဂရမ်အကောင့်တွင်လည်း ဂျေးပါ့ခ်ကို ကြိုဆို ကြောင်း ပို့စ်တစ်ခုတင်ခဲ့သည်။

Roc Nation သည် ရက်ပ်အဆိုတော် ဂျေဇီထူထောင်ထားသည့် အမေရိကန် တေးသံသွင်းကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံတကာ၌ အောင်မြင်နေကြသော အဆိုတော်များဖြစ်ကြသည့် ရီဟားနား၊ ဂျေကိုးလ်၊ ဘစ်ရှောင် နှင့် အခြား နာမည်ကြီး အဆိုတော်များနှင့်အတူ စာချုပ်ချုပ်ဆိုထားသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags