အက်ရှင်ဇာတ်ကားသစ်၌ သရုပ်ဆောင်ပေးရန် ကမ်းလှမ်းချက်အား ပယ်ချခဲ့သည့် လီဂျောင်ဆုခ်

အက်ရှင်ဇာတ်ကားသစ်၌ သရုပ်ဆောင်ပေးရန် ကမ်းလှမ်းချက်အား ပယ်ချခဲ့သည့် လီဂျောင်ဆုခ်

တောင်ကိုရီးယားမင်းသား လီဂျောင်ဆုခ်သည် မကြာခင်တွင် ရိုက်ကူးတော့မည့် Witch ဟု အမည်ရသော အက်ရှင်ဇာတ်ကားထဲ၌ ပါ၀င်သရုပ်မဆောင်တော့ရန် ဆုံးဖြတ်ချက်ချခဲ့သည်။

ဇူလိုင် ၂၁ရက်နေ့တွင် လီဂျောင်ဆုခ်၏ အေဂျင်စီဖြစ်သော YG Entertainment က “ လီဂျောင်ဆုခ်ဟာ အနုပညာလုပ်ငန်းတွေကို မရပ်မနား လုပ်နေရပါတယ်။ ဒါကြောင့် သူဟာခဏတာ အနားယူဖို့ဆုံးဖြတ်လိုက် တာကြောင့် အက်ရှင် ရုပ်ရှင်ဇာတ်ကားသစ်ထဲမှာ သရုပ်ဆောင်တော့မှာ မဟုတ်ပါဘူး” ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။  

Witch ဟု အမည်ပေးထားသော အက်ရှင်ဇာတ်ကားသစ်သည် ဆေးပညာစမ်းသပ်ချက်များဖြင့် လူသတ် လက်နက်တစ်ခုအဖြစ်သို့ ပြောင်းလဲ လေ့ကျင့်ပေးခံခဲ့ရသည့် အထက်တန်း ကျောင်းသူလေးတစ်ယောက် အကြောင်းကို ဇာတ်အိမ်တည်ထားခြင်းဖြစ်သည်။ မိမိကိုယ်မိမိ မှတ်မိခြင်းမရှိသော သူမသည် မှုခင်းတစ်ခု၌ အဖမ်းခံလိုက်ရချိန်တွင် သူမရင်ဆိုင်ရမည့် ပြသနာများကို ပုံဖော်ထားခြင်းဖြစ်ကြောင်း သိရသည်။

လောလောဆယ်တွင် လီဂျောင်ဆုခ်သည် လာမည့်စက်တင်ဘာလ၌ ထွက်ရှိမည့် ဒရာမာဇာတ်လမ်းတွဲသစ် “While You Were Sleeping” တွင် မင်းသမီးဆူဇီနှင့်အတူ တွဲဖက်သရုပ်ဆောင်ရန် စီစဉ်ထားသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly