အစ္စရေးစစ်သားများအား ဓားဖြင့် ဝင်ထိုးခုတ်သည့် ပါလက်စတိုင်းတစ်ဦးကို ပစ်ခတ်သုတ်သင်

အစ္စရေးစစ်သားများအား ဓားဖြင့် ဝင်ထိုးခုတ်သည့် ပါလက်စတိုင်းတစ်ဦးကို ပစ်ခတ်သုတ်သင်

ဂျေရုဆလင်၊ ဇူလိုင် ၂၁ ။                    ။ အနောက်ဖက်ကမ်း ဟီဘရွန်းမြို့က စစ်ဆေးရေးဂိတ်ရှိ စစ်သားများကို ဇူလိုင် ၂၀ ရက်က ဓားဖြင့် ဝင်ထိုးခုတ်သည်ဆိုသော ပါလက်စတိုင်းတစ်ဦးအား အစ္စရေးစစ်သားများက ပစ်သတ်လိုက်ရကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက EFE သတင်းဌာနသို့ အတည်ပြုသည်။

တက်ကိုယာစစ်ဆေးရေးဂိတ်စခန်းက စစ်သားများအား တိုက်ခိုက်သူက ဓားဖြင့် ဝင်ထိုးခုတ်ခြင်းကြောင့် တုံ့ပြန်ကာ ပစ်ခတ်သုတ်သင်လိုက်ရခြင်းဖြစ်ကြောင်း စစ်တပ် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၄င်းတိုက်ခိုက်သူသာ သေဆုံးပြီး မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ဓားဖြင့်တိုက်ခိုက်မှုဖြစ်ရာ အရပ်သို့ သွားရောက်ကြခြင်းမပြုရန် ဂတ်ရှ်အိဇီယွန် အခြေစိုက်အိမ်ရာမှ တစ်ခုဖြစ်သော တက်ကိုယာမြို့ လုံခြံုရေးဌာနက ဒေသခံများအား တိုက်တွန်းထားသည်။

ပါလက်စတိုင်း ၂၆၈ ဦး၊ အစ္စရေးစစ်သား ၄၆ ဦးနှင့် အခြားနိုင်ငံသား လေးဦး သေဆုံးခဲ့သော ၂၀၁၅ ခုနှစ် အောက်တိုဘာလမှစတင်ပြီး ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မတည်ငြိမ်မှုများတွင် ယခုတိုက်ခိုက်မှုလည်း အပါအဝင်ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်ကလည်း မြင့်မြတ်နယ်မြေအရပ်ဖြစ်သော Temple Mount အရပ်တွင် ရဲနှစ်ဦးနှင့် တိုက်ခိုက်ရေးသမား သုံးဦးသေဆုံးခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခြင်းကြောင့် လုံခြံုရေးများ တင်းကြပ်ထားချိန် ယခုတိုက်ခိုက်မှု ဖြစ်ပွားလာခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly