အိုဇေးလ်နှင့်အာဆင်နယ်တို့ စာချုပ်သက်တမ်းတိုးရန် နီးစပ်

အိုဇေးလ်နှင့်အာဆင်နယ်တို့ စာချုပ်သက်တမ်းတိုးရန် နီးစပ်

ဇူလိုင် ၂၁၊ အင်္ဂလန် ။                ။ ဂျာမနီကွင်းလယ်ကစားသမား အိုဇေးလ်သည် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် နီးစပ်နေပြီ ဖြစ်ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြလျက်ရှိသည်။

အိုဇေးလ်၏လက်ရှိစာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့ပြီး အာဆင်နယ်အသင်းက တစ်ပတ်လုပ်ခလစာငွေ ပေါင် ၂၈၀,၀၀၀ ဖြင့် စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းထားသည်။

အိုးဇေးလ်ဘက်မှ တစ်ပတ်လုပ်ခလစာငွေကို ပေါင် ၃၅၀,၀၀၀ အထိ အလိုရှိနေသော်လည်း လက်ရှိအချိန်တွင် ၎င်းကို ဆန်းချက်ဇ်ကဲ့သို့ ကမ်းလှမ်းသည့်ကလပ်မရှိသည့်အတွက် အာဆင်နယ်ဘက်မှ ကမ်းလှမ်းသည့်ကြေးဖြင့်သာ စာချုပ်သစ် ချုပ်ဆိုရဖွယ်ရှိနေသည်။

အိုဇေးလ်သည် လက်ရှိအချိန်တွင် အာဆင်နယ်အသင်းနှင့်အတူ ရာသီကြိုခြေစမ်းပွဲများ ပါ၀င်ကစားပေးလျက်ရှိသည်။

ချီလီတိုက်စစ်ကစားသမား ဆန်းချက်ဇ်မှာမူ ချန်ပီယံလိဂ်ကစားလိုသောကြောင့် အသင်းမှ ထွက်ခွာလိုကြောင်း ပြောဆိုထားပြီး အာဆင်နယ်အသင်းနှင့်ပြန်လည်ပူးပေါင်းခြင်း မရှိသေးပေ။ ကွန်ဖက်ဒရေးရှင်းဖလားယှဉ်ပြိုင်ထားရသည့်အတွက် ဆန်းချက်ဇ်ကို အာဆင်နယ်အသင်းက အနားယူခွင့်ပေးထားဆဲဖြစ်ပြီး ၎င်း၏အနာဂတ်မှာ ယခုအချိန်အထိ ရှင်းလင်းမှု မရှိသေးပေ။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly