ရီးယဲလ်နှင့် မန်ယူတို့ ကစားမယ့် ယူအီးအက်ဖ်အေ စူပါဖလားပွဲစဉ်ကို ဒရော့ချီ ကွင်းလယ်ဒိုင်အဖြစ် ကိုင်တွယ်မည်

ရီးယဲလ်နှင့် မန်ယူတို့ ကစားမယ့် ယူအီးအက်ဖ်အေ စူပါဖလားပွဲစဉ်ကို ဒရော့ချီ ကွင်းလယ်ဒိုင်အဖြစ် ကိုင်တွယ်မည်
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်နှင့် မန်ချက်စတာယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားမယ့် ၂၀၁၇ ယူအီးအက်ဖ်အေ စူပါဖလားပွဲစဉ်အတွက် ှအီတလီလူမျိုး ဂျန်လုကာ ဒရော့ချီကို ကွင်းလယ်ဒိုင်အဖြစ် ရွေးချယ်ခဲ့ကြောင်း ယူအီးအက်ဖ်အေက ၎င်းတို့ဝက်ဘ်ဆိုက်မှာ ကြေညာခဲ့ပါတယ်။

အသက် ၄၃ နှစ်အရွယ် ဒရော့ချီဟာ ၂၀၀၈ ခုနှစ်ကတည်းက နိုင်ငံတကာဒိုင်လူကြီးတစ်ယောက်ဖြစ်ခဲ့ပြီး ယူအီးအက်ဖ်စူပါဖလားပွဲစဉ်ဟာ ၎င်းရဲ့ ရ၃ကြိမ်မြောက် ကိုင်တွယ်မှုဖြစ်လာမှာပါ။

ဒီပွဲစဉ်ကိုတော့ မက်ဆီဒိုးနီယားနိုင်ငံ မြို့တော် စကိုပီယာမှာ သြဂုတ်လ ၈ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဒရော့ချီဟာ လက်စတာအသင်းနဲ့ အက်သလက်တီကိုအသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့နှင့် ရှုံးထွက် ၁၆ သင်းအဆင့် မိုနာကိုနှင့် မန်စီတီးတို့ရဲ့ ပွဲတွေအပါအဝင် ၂၀၁၆-၁၇ မှာ ဥရောပကလပ်ပြိုင်ပွဲ ပွဲစဉ်တွေမှာ ကွင်းလယ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက သူဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ အေဂျက်နှင့် လိုင်ယွန်တို့ရဲ့ ပွဲစဉ်ကိုလည်း ဒိုင်အဖြစ် ကိုင်တွယ်ခဲ့ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲကို စတော့ဟုမ်းမှာ မေလက ကျင်းပတဲ့ ၄ ယောာက်ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

၂၀၁၂ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ ရီးယဲလ်နှင့် မန်စီးတီးတို့ ၁-၁ ဂိုးပွဲစဉ်ကို ဒရော့ချီက ဒိုင်အဖြစ်ဆောင်ရွက်ခဲ့ချိန်က စီးတီးအသင်းကို အငြင်းပွားဖွယ် ပင်နယ်တီ တစ်လုံးပေးခဲ့ပြီး အာဘီလိုကို အနီကဒ်ပြသခဲ့ကာ စီးတီးအသင်း လက်ထောက်နည်းပြ ဒေးဗစ် ပလက်တ်ကို ပရိသတ်ကြည့်စင်ဆီ ပို့ခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာတော့ အီတလီဒိုင်လူကြီးက စီးတီးအသင်းကို အဝါကတ် ၅ ကတ်နှင့် ရီးယဲလ်ကို ၄ ကတ် စုစုပေါင်း ၉ ကတ်တိတိပြသခဲ့ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags