အကြမ်းဖက်မှုနှင့် ဆက်နွှယ်ပြီး အီရန်သံတမန်များအား ကူဝိတ် နယ်နှင်

အကြမ်းဖက်မှုနှင့် ဆက်နွှယ်ပြီး အီရန်သံတမန်များအား ကူဝိတ် နယ်နှင်

ကူဝိတ်စီးတီး၊ ဇူလိုင် ၂၀ ။               ။ အီရန်နှင့် ချိတ်ဆက်မှုရှိသော အကြမ်းဖက်အဖွဲ့တစ်ရပ်အား ကူဝိတ်တရားရုံးချုပ်က ပြစ်ဒဏ်ချမှတ်လိုက်ပြီးနောက် အီရန်သံတမန် ၁၅ ဦးကိုလည်း ဇူလိုင် ၂၀ ရက်တွင် ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း အစိုးရသတင်းရင်းမြစ်တစ်ရပ်က အေအက်ဖ်ပီသို့ ပြောသည်။

ထိုပြင် အီရန်နှင့် စစ်ရေး၊ ယဉ်ကျေးမှုနှင့် ကုန်သွယ်ရေးမစ်ရှင်များကိုလည်း ပိတ်သိမ်းလိုက်ကြောင်း အမည်မဖော်သည့် ၎င်းအရာရှိက ဆိုသည်။

ပင်လယ်ကွေ့တိုင်းပြည် ကူဝိတ်၏ တရားရုံးချုပ်သည် နိုင်ငံအတွင်း တိုက်ခိုက်မှုများ ကြံစည်ထားပြီး အီရန်နှင့် လက်ဘနွန်ဟဇ်ဘိုလာများနှင့် ဆက်သွယ်မှုရှိသော အကြမ်းဖက်အဖွဲ့မှ အဓိကကြိုးကိုင်သူကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် အခြား အယောက် ၂၀ ကိုလည်း ထောင်ဒဏ်အသီးသီး ပြီးခဲ့သည့် လအတွင်း ချမှတ်ခဲ့သည်။

အီရန်အပေါ် သံတမန်ရေးအရ အရေးယူမှုများ ကူဝိတ်က ချမှတ်ထားကြောင်း အစိုးရအဖွဲ့ရုံးဝန်ကြီးနှင့် ခေတ္တပြန်ကြားရေးဝန်ကြီးဖြစ်သည့် ရှိတ်မိုဟာမတ်ဆာဘတ်ရှ်က အတည်ပြုသော်လည်း မည်သို့အရေးယူထားမှုကိုမူ အတိအကျပြောရန် ငြင်းဆန်သည်။

"ဒီအမှုကို တရားရုံးချုပ်က ပြစ်ဒဏ်ချမှတ်ပြီးနောက်မှာ ကူဝိတ်အစိုးရအနေနဲ့လည်း သံတမန်ကျင့်ထုံးနဲ့ ဂျီနီဗာကွန်ဗင်းရှင်းအရ အီရန်အပေါ် အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။"ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသော်လည်း အသေးစိတ်မူ ပြောကြားခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly