နယ်မြေမတည်ငြိမ်၍ သိန္နီမြို့နယ်မှ ရွာသူရွာသား ရ၀၀ ကျော် တိမ်းရှောင်လာ

နယ်မြေမတည်ငြိမ်၍ သိန္နီမြို့နယ်မှ ရွာသူရွာသား ရ၀၀ ကျော် တိမ်းရှောင်လာ
ဓာတ်ပုံ- နန်းခင်ထားရီ

ရန်ကုန်၊ ဇူလိုင် ၂၀ ။         ။ လက်နက်ကိုင်အဖွဲ့များကြောင့် နယ်မြေမတည်မငြိမ်ဖြစ်လာ၍ ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်ရှိ ခမ်းတိမ်း ကျေးရွာအုပ်စုအတွင်းက ရွာသားများ ထွက်ပြေးတိမ်းရှောင်လာရကြောင်း သိန္နီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထားရီက မဇ္စျိမသို့ပြောသည်။

နယ်မြေမတည်ငြိမ်မှုကြောင့် သိန္နီမြို့ထဲရှိ ကောင်းဆိုင်ဘုန်းကြီးကျောင်းသို့ ခမ်းတိမ်း ကျေးရွာအုပ်စုအတွင်းက ရွာပေါင်း ရ ရွာက ဒေသခံ ရ၃၁ ယောက်ခန့် တိမ်းရှောင်လာရကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

“ မနေ့ကတော့ လူပေါင်း ၂၉၆ ပဲရှိတယ်ရှင့်။ နယ်မြေမတည်ငြိမ်လို့ အားလုံးလာလိုက်တာ။ ခုနကတော့ တိုက်ပွဲဖြစ်တယ်လို့တော့ကြားတယ်။ လက်နက်ကြီးအသံတွေကြားတယ် “ ဟု နန်းခင်ထားရီကပြောဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် ခမ်းတိမ်း ကျေးရွာအုပ်စုအတွင်းတွင် တအာင်း/ ပလောင်အဖွဲ့ (TNLA) နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

လတ်တလောတွင် နယ်မြေတည်ငြိမ်မှုအခြေအနေကို ပြောဆိုနိုင်ခြင်းမရှိသေးဘဲ ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်းလည်း ပြည်နယ်လွှတ်တော်အမတ်က ဆိုသည်။

လတ်တလော စစ်ဘေးရှောင်လာသည့် ဒေသခံများအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများပူးပေါင်းအလှူခံသောကြောင့် ပစ္စည်းနှင့်ငွေ စုစုပေါင်း သိန်း ၃၀ ခန့် ရရှိထားကြောင်းလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly