တရားမဝင် ပိတောက်သစ်ခွဲသားများနှင့် အတူ လူ ၃ ဦး ဖမ်းမိ

တရားမဝင် ပိတောက်သစ်ခွဲသားများနှင့် အတူ လူ ၃ ဦး ဖမ်းမိ
ဓာတ်ပုံ-သစ်တောဦးစီးဌာန

ရန်ကုန်၊ ဇူလိုင်လ ၂ဝ ။        ။ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ခိုကျင်ကျေးရွာရှိ နေအိမ်ခြံဝန်းအတွင်းမှ တရားမဝင် ပိတောက်သစ်ခွဲသားများနှင့်အတူ လူ ၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း  ဇူလိုင်လ ၂ဝ ရက်နေ့တွင် သစ်တောဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၁၉ ရက်နေ့တွင် တရားမဝင်သစ်ခိုးယူ ထုတ်လုပ်နေမှုများအား ရှာဖွေဖမ်းဆီးလျက်ရှိရာ ခိုကျင်ကျေးရွာ၊ ဦးစံပြေ ဆိုသူ၏ နေအိမ်ခြံဝင်းအတွင်းမှ တရားမဝင်ပိတောက်သစ်ခွဲသားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ တရားမဝင်ပိတောက်သစ်ခွဲသားဆိုဒ်စုံ ရ ဒသမ ၃ တန်ကျော်ရှိ ၂၈၉ ချောင်းနှင့်အတူ တရားခံဟု ယူရသူ ၃ ဦးပါ ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ တရားမဝင် ပိတောက်သစ်ခွဲသားများနှင့်အတူ ဖမ်းဆီးရမိခဲ့သူ ၃ ဦးကို ဥပဒေနှင့်အညီ အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly