ဒီဇီကိုအား ရိုးမားပရိသတ်များစွာ လေဆိပ်တွင် လာရောက်ကြိုဆို

ဒီဇီကိုအား ရိုးမားပရိသတ်များစွာ လေဆိပ်တွင် လာရောက်ကြိုဆို

သြဂုတ် ၇၊ ရောမ ။       ။ ဆေးစစ်မှုပြုလုပ်ရန်နှင့် အပြီးသတ်စာချုပ် ချုပ်ဆိုရန် ရောမမြို့သို့ရောက်ရှိလာသည့် တိုက်စစ်မှူး ဒီဇီကို ကို ရိုးမားအသင်းပရိသတ်များစွာက လာရောက်ကြိုဆိုခဲ့ကြသည်။

ရိုးမားအသင်းနှင့် မန်စီးတီးအသင်းတို့သည် ဒီဇီကို၏ပြောင်းရွှေ့ကြေးကို ပေါင် ၁၄ သန်းဖြင့် သဘောတူညီထားကြခြင်းဖြစ်သည်။ ပရိသတ်အများအပြားက လှိုက်လှိုက်လှဲလှဲ လာရောက်ကြိုဆိုခဲ့ကြသည့် အတွက် ဘော့စနီးယားတိုက်စစ်မှူးမှာ အလွန်ဝမ်းမြောက်လျက်ရှိသည်။

၂၀၁၁ ခုနှစ်က ဝုဖ်ဘတ်မှ မန်စီးတီးသို့ ရောက်ရှိလာသည့် ဒီဇီကိုသည် မန်စီးတီးအသင်းပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သည့် ၂၀၁၂-၁၃ ရာသီက အဓိကတိုက်စစ်မှူးအဖြစ် ၁၅ ဂိုးသွင်းယူပြီး ခြေစွမ်းပြ ခဲ့သော်လည်း ပြီးခဲ့သည့်ရာသီက အကန့်အသတ်ဖြင့်သာ ပွဲထွက်ခွင့်ရခဲ့ပြီး အဂူရို၏နောက် ဒုတိယဦးစားပေးအဖြစ်သာ ကစားခဲ့ရသည်။

ထို့အပြင် လက်ရှိအချိန်၌အသင်းတွင် အိုင်ဗရီကို့စ်တိုက်စစ်မှူး ဘိုနီ၊ လူငယ်တိုက်စစ်မှူး ပိုဇိုတို့ ရှိနေပြီး ယခုရာသီ၌ လီဗာပူးလ်မှတိုက်စစ်ကစားသမား စတာလင်ကိုပါ မန်စီးတီးက ထပ်မံခေါ်ယူထားသည့် အတွက် အသင်းပြောင်းရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly