စင်ကာပူအမျိုးသမီးကို ပြန်ပေးဆွဲငွေညှစ်သည့် တရုတ် ၄၀ ကျော်ပါ ဂိုဏ်းအား ဖိလစ်ပိုင်ရဲ ဖမ်းဆီး

စင်ကာပူအမျိုးသမီးကို ပြန်ပေးဆွဲငွေညှစ်သည့် တရုတ် ၄၀ ကျော်ပါ ဂိုဏ်းအား ဖိလစ်ပိုင်ရဲ ဖမ်းဆီး

မနီလာ၊ ဇူလိုင် ၂၀ ။             ။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က ကာစီနိုတစ်ခုတွင် စင်ကာပူအမျိုးသမီးတစ်ဦးအား အတင်းအဓမ္မ ခေါ်ဆောင်ဖမ်းဆီးခဲ့သည်ဆိုသော ပြန်ပေးဆွဲဂိုဏ်းအဖွဲ့ဝင် ၄၃ ဦးအား ဖိလစ်ပိုင်ရဲတပ်ဖွဲ့ ဖမ်းဆီးရမိကြောင်း  ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်သည်။

မလေးရှားနှစ်ဦးမှလွဲ၍ ကျန်သူအားလုံး တရုတ်နိုင်ငံသားများ ဖြစ်ကြသော ယင်းပြန်ပေးဆွဲ ဂိုဏ်းသမားများကို အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ ရိုနယ်ဒီလာရိုဆာ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တစ်ပါတည်းတွေ့မြင်ရသည််။

၄င်းတို့အနက် အနည်းဆုံး သုံးဦးသည် အသက် ၄၈ နှစ်ရှိ စင်ကာပူအမျိုးသမီး ဝုယင်အား ကာစီနိုတစ်ခုမှ အနီးနားရှိ ဟိုတယ်သို့ ခေါ်ဆောင်သွားပြီး ရိုက်နှက်ကြောင်း၊ ထို့နောက် မိသားစုထံမှ ပြန်ပေးငွေ အမေရိကန်ဒေါ်လာ ၁၈၀၀၀၀ တောင်းခိုင်းကြောင်း ရဲက ပြောသည်။

ဝုယင်အား ဖမ်းဆီးထားသည့် ဟိုတယ်ရှိ လုံခြံုရေးအစောင့်တို့ထံမှ သတင်းပေးချက်အရ ရဲက ဝင်ရောက်ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဂိုဏ်းသည် တရားမဝင် ငွေချေးခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းများကို ကျုးလွန်ကာ ငွေရှာဖွေနေပြီး ၂၀၁၅ ခုနှစ်မှစကာ ယင်းသို့သော အမှုပေါင်း ၁၁ မှုအထိ ကျုးလွန်ထားသည့် ဂိုဏ်းဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly