သာစည်မြို့နယ်တွင် တရားမဝင်သယ်ဆောင်လာသော သေနတ် ၂၂ လက် ဖမ်းမိ

သာစည်မြို့နယ်တွင် တရားမဝင်သယ်ဆောင်လာသော သေနတ် ၂၂ လက် ဖမ်းမိ

ရန်ကုန်၊ ဇူလိုင် ၂၀ ။        ။ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် တောင်ကြီးမြို့မှ မောင်းနှင်လာသောယာဉ်တစ်စီးမှ တရားမဝင်သယ်ဆောင်လာသော သေနတ်များ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်စိုးဝင်းက မဇ္စျိမသို့ အတည်ပြုပြောသည်။

ဇူလိုင် ၁၉ ရက် ညအချိန်တွင် လူနှစ်ဦးက တရားမဝင်သယ်ဆောင်လာသည့် HK-33 ကျည်ဘောက်ပါ (၂၀) လက်နှင့် AK-47 ကျည်ဘောက်မပါ (၂) လက် စုစုပေါင်း သေနတ် ၂၂ လက်ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါကိစ္စနှင် ပတ်သက်ပြီး “ ဖြစ်စဉ်မှန်ပါတယ် “ ဟု ရဲမှူးကြီးအောင်စိုးဝင်းကပြောဆိုသည်။

ကျွဲတပ်ဆုံတိုးဂိတ် အရှေ့ဘက် တောင်ကြီး - မိတ္ထီလာကားလမ်း မိုင်တိုင်အမှတ် (၃၁/၃) နှင့် (၃၁/၄) ကြားတွင် လူနှစ်ဦးလိုက်ပါမောင်းနှင်လာသော Crown  အမျိုးအစားအနက်ရောင်မော်တော်ယာဉ်ပေါ်မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

“ တောင်ကြီးကလာတဲ့လမ်းမှာ ကျွဲတပ်ဆုံတိုးဂိတ်ကတော့ မူးယစ်ဆေးဝါးပဲဖြစ်ဖြစ် အဲ့လို လက်နက်ပဲဖြစ်ဖြစ် ဘာမှောင်ခိုပဲဖြစ်ဖြစ် အကုန်လုံးတော်တော် များများကတော့ ထုံးစံအရ သာစည်နယ်က ယင်းမာပင်ကျော်လာပြီးဖြတ်လာပြီဆိုရင်တော့ မိတယ်ဆိုတာအမြဲရှိတယ် “ ဟု မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁၂) သာစည်မြို့နယ်မှ လွှတ်တော်အမတ် ဦးကျော်သီဟကပြောဆိုသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ သယ်ဆောင်လာကာ မန္တလေးတိုင်းသို့ပို့ဆောင်ရန် အဆိုပါလက်နက်များကို တရားမဝင်သယ်ဆောင်လာ ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly