မန္တလေးတွင် လူငယ်တစ်ဦးထံမှ မူးယစ်ဆေးဝါးများဖမ်းမိ

မန္တလေးတွင် လူငယ်တစ်ဦးထံမှ မူးယစ်ဆေးဝါးများဖမ်းမိ

ရန်ကုန်၊ ဇူလိုင်လ ၂ဝ ။                 ။ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအနောက် ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦး၏ အတွင်းခံဘောင်းဘီ အတွင်းမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

မန္တလေးမူးယစ်ရဲတပ်ဖွဲ့စု(၁၇)မှ တပ်ဖွဲ့ဝင်များက ဇူလိုင်လ ၁၉ ရက်၊ ညနေ ၅ နာရီခွဲခန့်အချိန်တွင် မူးယစ်ဆေးဝါးသတင်းအရ အမရဌာနီ အနောက် ရပ်ကွက်၊ အကွက် (၄၉)တွင် နေထိုင်သူ အသက် ၂၈ နှစ်အရွယ် ဇေယျာလင်း(ခ)ငယ်လေးဆိုသူ၏ နေအိမ်သို့ဝင်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ မူးယစ်ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ရာ ဇေယျာလင်း(ခ)ငယ်လေး ဆိုသူအား နေအိမ်အပေါ်ထပ်တွင်တွေ့ရှိခဲ့ပြီး ၎င်းဝတ်ဆင်ထားသည့် အတွင်းခံဘောင်းဘီအတွင်းမှ အပြာရောင်ပလပ် စတစ်ကပ်ခွာ အိတ်ငယ်ဖြင့် ထည့်ထားသည့် 88/1 စာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၉၇ ပြား နှင့် အကြည်ရောင်ကပ်ခွာအိတ်ငယ်ဖြင့် ထည့်လျက် မက်သာအဖက်တမင်း ဟိုက်ဒရိုကလိုရိုဒ် ပုံဆောင်ခဲ့(ICE) အလေးချိန် ဝ ဒသမ ရ ဂရမ်တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးများရှာဖွေသိမ်းဆည်းရမိခဲ့သဖြင့် အသက် ၂၈ နှစ်အရွယ် ဇေယျာလင်း(ခ)ငယ်လေးဆိုသူကိုအမှတ်(၄) နယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော   ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly