ရီးယဲလ်တိုက်စစ်မှူး မိုရာတာကို ချယ်လ်ဆီးအသင်း ပေါင်သန်း (၆၀) ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိ

ရီးယဲလ်တိုက်စစ်မှူး မိုရာတာကို ချယ်လ်ဆီးအသင်း ပေါင်သန်း (၆၀) ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိ
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်နှင့် ချယ်လ်ဆီးအသင်းတို့ဟာ စပိန်ကစားသမား မိုရာတာရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိခဲ့ကြပြီဖြစ်ကြောင်း နှစ်ဖက်အသင်းက ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ မိုရာတာအတွက် ပေါင်သန်း ၆၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။

သဘောတူညီချက်ဟာ ကစားသမားနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူမှု အချက်အလက်များနှင့် ဆေးစစ်ခံယူ အောင်မြင်ဖို့သာ အဓိကဖြစ်တယ်လို့ နှစ်ဖက် နှစ်သင်းလုံးက ပြောပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဂိုးသမား ဝီလီကာဘယ်လီယို၊ နောက်ခံလူ အန်တိုနီယို ရူဒီဂါနှင့် ကွင်းလယ်လူ ဘာကာယိုကိုတို့ ခေါ်ယူခဲ့ပြီးနောက် အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ပရီးမီးယားလိဂ် ချန်ပီယံအသင်းရဲ့ နွေရာသီမှာ ခေါ်ယူတဲ့ ၄ ယောက်မြောက် ကစားသမားဖြစ်လာမှာပါ။

မိုရာတာဟာ ဂျူပီတပ်စ်အသင်းမှ ရီးယဲလ်ကို ပြည်လည်ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီက ဂိုး (၂၀) သွင်းယူခဲ့ပါတယ်။

သူဟာ လာလီဂါနှင့် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် အရန်ကစားသမားတစ်ယောက်အနေနဲ့ အဓိက ပွဲထွက်ကစားခဲ့ရသူဖြစ်ပါတယ်။

မိုရာတာဟာ ၂၀၀၈ ခုနှစ်က  ရီးယဲလ်ရဲ့ လူငယ်အသင်းမှာ ဝင်ရောက်ခဲ့ပြီး ၂၀၁၀ ခုနှစ် အသက် ၁၈ အရွယ်မှာ စီနီယာအသင်းကြီးမှာ ပွဲဦးထွက် ကစားခဲ့ရပါတယ်။

၆ ပေ ၃ လက်မရှိ တိုက်စစ်မှူးဟာ ၂၀၁၄ ခုနှစ် အီတလီကလပ် ဂျူပင်တပ်စ်ဆီ ပြောင်းရွှေ့ခဲ့ပြီး နှစ်ရာသီမှာ ဂိုး (၂၇)ဂိုး သွင်းယူခဲ့ပါတယ်။ သူဟာ အသင်းနဲ့အတူ ၂၀၁၅ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကစားခဲ့ပြီး စီးရီးအေနှင့် အီတလီ ကိုပါဖလားကို နှစ်ကြိမ်စီရရှိခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ  ပြန်လည်ခေါ်ယူခွင့် စာချုပ်ပါအချက်အလက်နဲ့အတူ သူ့ကို ၂၀၁၆ ခုနှစ် ဇွန်လမှာ ဘာနေဗျူးဆီ ခေါ်ယူခဲ့ပါတယ်။

မိုရာတာဟာ ၂၀၁၄ ခုနှစ်မှာ စပိန်လက်ရွေးစင်အသင်းနဲ့ စတင်ပွဲဦးထွက်ပြီးနောက်ပိုင်း အသင်းအတွက် ပွဲ (၂၀) ကစားပြီး (၉)ဂိုး သွင်းယူခဲ့ပါတယ်။

Ref; BBC, EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly