တံတားဦးမြို့နယ်ရှိ ရေဘေးသင့်ကျေးရွာများကို အမှတ် (၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျောက်ဆည်)မှ ရေသန့်လှူဒါန်း

တံတားဦးမြို့နယ်ရှိ ရေဘေးသင့်ကျေးရွာများကို အမှတ် (၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျောက်ဆည်)မှ ရေသန့်လှူဒါန်း
(ဓာတ်ပုံ-ရဲအုပ် ကျော်စိုးလွင်)

မန္တလေး၊ဇူလိုင် ၁၉ ။         ။ အမှတ် (၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျောက်ဆည်)မှ ယာဉ်တပ်ဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေ ဝင်ရောက်နေသည့် ကျေးရွာများသို့ သွားရောက်၍ ဇူလိုင်လ ၁၉ ရက်၊ မွန်းလွဲ ၁ နာရီက ရေသန့်ဗူးများ သွားရောက်လှူးဒါန်းခဲ့သည်ဟု ၎င်း တပ်ဖွဲ့မှ ရဲအုပ် ကျော်စိုးလွင်က မဇ္ဈိမကိုပြောသည်။

"သူတို့ ဆီက မျှော်လင့်မထားတဲ့ တုံ့ပြန်မှု ကို ရခဲ့ပါတယ်။ နောက်ထပ်လှူဒါန်ဖို့ အစီအစဉ်ရှိပါတယ်။"ဟု ရဲအုပ် ကျော်စိုးလွင်က မဇ္ဈိမသို့ ပြောသည်။

ဧရာဝတီ မြစ်ရေ ဝင်ရောက်နေသည့် တံတားဦးမြို့နယ်အတွင်းရှိ လက်ဆောင်ယူကျေးရွာ နှင့် ဥယျာဉ်ကျေးရွာရှိ ရေဘေးသင့်ပြည်သူများကို ရေသန့်ဗူး ၂၄၀၀ ဗူးအား လှူးဒါန်းခြင်းဖြစ်ပြီး ထပ်မံ၍ လိုအပ်သည်များ ထောက်ပ့ံလှူဒါန်နိုင်ရန် စီစဉ် ဆောင်ရွက်သွားမည်ဟု ရဲအုပ် ကျော်စိုးလွင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly