အသင်းသမိုင်းတစ်လျှောက် အမြင့်ဆုံးလစာနှုန်းထားဖြင့် ကွန်တီကို ချယ်လ်ဆီးသက်တမ်းတိုး

အသင်းသမိုင်းတစ်လျှောက် အမြင့်ဆုံးလစာနှုန်းထားဖြင့် ကွန်တီကို ချယ်လ်ဆီးသက်တမ်းတိုး

ဇူလိုင် ၁၉၊ လန်ဒန်။          ။ ချယ်လ်ဆီးအသင်းကို ပြီးခဲ့သည့် နှစ်ဘောလုံးရာသီက အမှတ်ပေးချန်ပီယံဖြစ်ရန် စွမ်းဆောင်ပေးနိုင်ခဲ့သော အီတလီလူမျိုးနည်းပြ အန်တိုနီယိုကွန်တီမှာ အသင်းနှင့်နှစ်နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုခဲ့သည်။

ချယ်လ်ဆီးအသင်းအနေဖြင့် ကွန်တီကို မြင့်မားသောလစာနှုန်းထားဖြင့် စာချုပ်သစ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိစာချုပ်သစ်အရ ယခင်လစာ တစ်နှစ် ၆.၅သန်းမှ လက်ရှိ ၉ သန်းအထိ တိုးမြှင့်ခံစားခွင့်ရမည်ဖြစ်သည်။ ကွန်တီ၏ လက်ရှိလစာနှုန်းထားမှာ ချယ်လ်ဆီးအသင်းသမိုင်းတစ်လျှောက် နည်းပြတစ်ယာက်ကို ပေးသော အမြင့်ဆုံးလစာဖြစ်သည်။

"ကျွန်တော်ဒီကိုရောက်တာ တစ်နှစ်ပဲရှိသေးပေမယ့် ချယ်လ်ဆီး ပရိသတ်တွေက ကျွန်တော့်ကို တစ်ခဲနက်ထောက်ခံခဲ့ကြတယ်။ ဒါက ဒီအသင်းမှာ ကျွန်တော်ဆက်ရှိဖို့ အဓိက အချက်ပါ။ သူတို့နဲ့အတူ နောက်ထပ်အောင်မြင်မှုတွေ ရယူချင်ပါတယ်'' ဟု ကွန်တီကပြောသည်။

ချယ်လ်ဆီးအသင်းသည် လက်ရှိအပြောင်းအရွှေ့စျေးကွက်အတွင်း အန်တိုနီယိုရူဒီဂါ(ပေါင် ၃၄သန်း)၊ ဘာကာယိုကို(ပေါင် ၄၀သန်း) တို့ဖြင့်ခေါ်ယူထားသည်။ ချယ်လ်ဆီးအသင်းမှာ နည်းပြ ကွန်တီနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုပြီးနောက် တရုတ်နှင့်စင်ကာပူနိုင်ငံများသို့ ရာသီကြိုခြေစမ်းခရီးထွက်ခွာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly