မန်ယူတွင် ၁၅နှစ်ခန့်နေချင်သည်ဟု မော်ရင်ဟို ပြော

မန်ယူတွင် ၁၅နှစ်ခန့်နေချင်သည်ဟု မော်ရင်ဟို ပြော

ဇူလိုင် ၁၉၊ မန်ချက်စတာ ။         ။ မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟိုက မန်ချက်စတာယူနိုက်တက်အသင်းတွင် ၁၅နှစ်ခန့် ဆက်နေချင်သည်ဟု ပြောကြားခဲ့သည်။

မော်ရင်ဟိုမှာ ချယ်လ်ဆီးအသင်းနှင့်လမ်းခွဲပြီးနောက် မန်ယူနည်းပြအဖြစ် နည်းပြ ဗန်ဟားလ်နေရာတွင်အစားထိုး ရောက်ရှိလာခြင်းဖြစ်သည်။ အသက် ၅၄နှစ်အရွယ် မော်ရင်ဟိုမှာ မန်ယူအသင်းကို ကိုင်တွယ်ပြီး ပထမဆုံးရာသီမှာပင် EFL Cup ၊ ယူရိုပါလိဂ်နှင့် ကွန်မြူနတီဒိုင်း စသည့် ပြိုင်ပွဲများတွင် ချန်ပီယံဖြစ်ရန် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ကျွန်တော်ဒီမှာ အမြဲဆက်ရှိနေချင်တယ်။

အနည်းဆုံးတော့ နောက် ၁၅နှစ်လောက်အထိပေါ့။ မန်ယူနည်းပြဖြစ်ဖို့က ဖိအားဒဏ်ခံနိုင်ဖို့တစ်ခုနဲ့တင် တော်တော်ခက်ခဲပါတယ်။ အောင်မြင်မှုရဖို့အတွက်တော့ ဖိအားဆိုတာ လက်ခံရမယ့်အရာပါ ဟု မော်ရင်ဟိုကပြောသည်။

မော်ရင်ဟိုမှာ ပေါ်တိုအသင်းနှင့်အတူအောင်မြင်မှုရရှိလာပြီးနောက် ချယ်လ်ဆီး၊ အင်တာမီလန်၊ ရီးယဲလ်မက်ဒရစ်၊ မန်ယူစသည့်အသင်းကြီးများတွင် နည်းပြအဖြစ် ကျင်လည်ခဲ့သည်။ မော်ရင်ဟိုမှာ နည်းပြဘဝသက်တမ်းတစ်လျှောက် ချန်ပီယံလိဂ်ချန်ပီယံနှစ်ကြိမ်နှင့် ယူရိုပါလိဂ်ချန်ပီယံနှစ်ကြိမ်ဖြစ်ခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly