ပီအက်စ်ဂျီကမ်းလှမ်းမှုကို နေမာ လက်ခံလိုက်ပြီဟူသော သတင်းများထွက်ပေါ်

ပီအက်စ်ဂျီကမ်းလှမ်းမှုကို နေမာ လက်ခံလိုက်ပြီဟူသော သတင်းများထွက်ပေါ်

ဇူလိုင် ၁၉၊ ဘာစီလိုနာ။ ။              ။ ဘာစီလိုနာအသင်းမှ ဘရာဇီးတိုက်စစ်မှူး နေမာကို ခေါ်ယူရန် ပီအက်စ်ဂျီအသင်း၏ ကမ်းလှမ်းမှုကို ကစားသမားက လက်ခံလိုက်ပြီဟူသော သတင်းများ ဘရာဇီးမီဒီယာများတွင်ဖော်ပြနေကြသည်။

ပီအက်စ်ဂျီအသင်းအနေဖြင့် နေမာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး  ပေါင် ၁၉၅သန်းဖြင့် ကမ်းလှမ်းမည်ဟုလည်း ဘရာဇီးအားကစားရုပ်သံလိုင်း Esporte Interativo report က သတင်းထုတ်လွှင့်မှုများပြုလုပ်နေသည်။ နေမာမှာ ဘာစီလိုနာအသင်းတွင် မက်ဆီ နှင့် ဆွာရက်ဇ်တို့လောက် မကျော်ကြားသည့်အတွက် မပျော်ရွှင်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

ပီအက်စ်ဂျီအသင်းပိုင်ရှင် အယ်လ်ခါလီဖီ မှာ လက်ရှိအပြောင်းအရွှေ့စျေးကွက်အတွင်း ငွေကြေးအမြောက်အများသုံးစွဲကာ ကမ္ဘာကျော်ကစားသမားသုံးဦးခေါ်ယူရန် ပစ်မှတ်ထားနေသည်။ နေမာ၏ အပြောင်းအရွှေ့သတင်းများနှင့်ပတ်သက်ပြီး ဘာစီလိုနာနည်းပြသစ် ဗယ်လ်ဗာဒီက မည့်သည့်ပြောင်းရွှေ့ကြေး နှင့်မှ ရောင်းချမည်မဟုတ်ဟု ငြင်းဆန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags