မြန်မာ့ဆေးပညာအတွက် အောင်မြင်မှုမှတ်တိုင် စိုက်ထူခဲ့သူ ဒေါက်တာ နော်မာသေး

19 July 2017
မြန်မာ့ဆေးပညာအတွက် အောင်မြင်မှုမှတ်တိုင် စိုက်ထူခဲ့သူ ဒေါက်တာ နော်မာသေး

၀မ်းဗိုက်ထဲမှာ သုံးလသား ကလေးငယ်ရဲ့ အတူပါလာတဲ့ သန္ဓေသားအပို သုံးမွှာပူးကို အောင်မြင်စွာ ခွဲစိတ် ကုသပေးနိုင်ခဲ့တဲ့ နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံက ခွဲစိတ် အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဒေါ်နော်မာသေး ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုကို ၂၀၁၆ ဒီဇင်ဘာ ၉ ရက်မှာ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး မြန်မာ့ဆေးပညာအတွက် အောင်မြင်မှု မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကတော့ မိခင်ဝမ်းထဲမှာ လေးမွှာပူး သန္ဓေတည်ရမယ့် သန္ဓေသားလောင်းတွေဟာ မိခင်ဝမ်းဗိုက်ထဲမှာ တစ်ဦးသာ သန္ဓေတည်မွေးဖွားခဲ့ပြီး ကျန်တဲ့ သန္ဓေသုံးဦးကတော့ မွေးဖွားပြီး ရင်သွေးငယ်ရဲ့ ဝမ်းဗိုက်ထဲမှာ မှားယွင်း သန္ဓေတည်လာတာပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မျိုးက ပုံမှန် ၅ သိန်းမှာ တစ်ဦးသာ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေဖြစ်ပြီး မှတ်တမ်းမှတ်ရာတွေအရ ယခုလို မှားယွင်းသန္ဓေတည်မှုမျိုးက တစ်ကမ္ဘာလုံးမှာ အယောက် ရ၀၀ သာ ရှိသေးတယ်လို့ သိရပါတယ်။

ဒေါက်တာနော်မာသေး ဦးဆောင်တဲ့ အဖွဲ့အနေနဲ့ အခုလို ဗိုက်ထဲမှာ ကလေးရှိနေတဲ့ အနေအထားကို နှစ်ကြိမ်တိုင်တိုင် အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့ပါတယ်။

ဒေါက်တာနော်မာသေးက သူ့ရဲ့ခွဲစိတ်မှုအတွေ့အကြံုနဲ့သူ့သဘောထား၊ သူ့ရဲ့ဘဝဖြတ်သန်းမှုတွေကို အခုလို စိတ်ရှည်လက်ရှည်ပြောပြပါတယ်။

“လူတစ်ယောက်ရဲ့အသက်ကို ကယ်တင်ဖို့အတွက် လူတစ်ယောက်ရဲ့ ကျန်းမာရေးပြဿနာကို ဖြေရှင်းပေးဖို့ဆိုတာ Decision အရမ်းအရေးကြီးပါတယ်။ Fissions အနေနဲ့လည်း အရေးကြီးသလို Special အနေနဲ့ဆိုတာကလည်း လူတစ်ယောက်ကို ခွဲစိတ်ကုသဖို့ဆိုတာ အဲဒီအခါမှာ တကယ်ခွဲသင့်ခွဲထိုက်တဲ့လူနာကို ခွဲဖြစ်ဖို့ တကယ် မခွဲသင့်တဲ့လူနာကို မခွဲဖို့ decision Making ဆိုတာ အရမ်းကို အရေးကြီးပါတယ်။ ကုတင်တစ်ထောင် ဆေးရုံဆိုတာကလည်း ကုတင်သုံးရာဆေးရုံအနေနဲ့ စပြီးတော့ လုပ်တာပေါ့နော်။ ကုတင်သုံးရာကနေ စပြီးတော့မှ နောက်မှ ကုတင်တစ်ထောင်ဆိုတာ ဖြစ်လာတာပါ။ အဲတော့ ကုတင်သုံးရာ စကတည်းကလည်း ခွဲစိတ် အထူးကုဆရာဝန်အနေနဲ့ တာဝန်ချထားပေးခြင်း ခံရပါတယ်။

အဲဒီအချိန်ရောက်ခါစတုန်းကတော့ တကယ်တော့ အခက်အခဲတွေက အများကြီးပဲ။ စားရေးသောက်ရေးခက်တယ် သွားရေးလာရေးခက်တယ်။ မိသားစုနဲ့ ဆက်သွယ်ဖို့ခက်တယ်။ နောက်တစ်ခါ မိမိကိုယ်တိုင် နိစ္စဓူဝ နေရေးထိုင်ရေးဖြစ်တဲ့အပြင် ဆရာဝန်ဆိုတာက ပြည်သူ့ဝန်ထမ်းဆရာဝန်တစ်ယောက်ဆိုတာ မိမိရတဲ့ လစာနဲ့သာမက အချိန်ပိုလေးတွေမှာ ထိုင်ရတယ်ပေါ့။ အဲတော့ နေပြည်တော် ကုတင်တစ်ထောင် ၂၀၀၆ ခုနှစ် စရောက်တဲ့အချိန်မှာ လေးနှစ်လောက်က အိမ်ကနေ ဆန်နဲ့ဆီ ယူပြီးတော့မှ စားရတဲ့ ဘဝပေါ့နော်။ ဒါပေမယ့်လို့ ဘာကြောင့်လဲတော့မသိဘူး ဘုရားပေးထားတဲ့ အင်အားပဲလား ဒါမှမဟုတ် မိဘဆရာတွေရဲ့ သွန်သင်မှုကြောင့်ပဲလား ကျမကတော့ ဒီလိုပဲ ကျော်လွှားပြီးတော့ နေထိုင်ခဲ့တာပါပဲ။ နောက် ကုတင်တစ်ထောင် ဖြစ်လာတဲ့အခါကျတော့လည်း Subject တွေ အကုန်လုံး စုံလင်သွားပြီ အဲဒီအခါကျတော့ ကုတင်တစ်ထောင်နဲ့ ပတ်သက်လာလို့ရှိရင် အနောက်ကတော ့ဂုဏ်လည်းယူတယ် ပျော်တယ်လို့ပဲ ပြောရမှာပေါ့ သူများက ကုတင်တစ်ထောင်ကို အထင်သေးတဲ့စကားမျိုး ပြောရင်လည်း အနော်က နည်းနည်းတော့ ဖီလင်ဖြစ်တယ်။ အဲဒါကတော့ ဘာလဲတော့မသိဘူးပေါ့နော်။ အဲတော့ တက်နိုင်သလောက်လဲ ကုတင်တစ်ထောင်ကို Image ကောင်းအောင် အနော်ကတော့ အနော်ရဲ့ တစ်နိုင်တစ်ပိုင်ပေါ့ ကြိုးစားပေးတယ်။

စကားပုံတစ်ခုတောင် ကလေးတွေကို ပြောပြဖူးတယ်။ အနော်သည် ကြိုးမှာချည်ထားတဲ့ နွားကြီးလိုပဲ အဲဒီနွားချည်တိုင်ကြီးနားမှာပဲ ပတ်နေပြီးတော့မှ တစ်ခုဆိုရင် Communication မကောင်းခင်ကတည်းက မိုဘိုင်းဖုန်းတွေ မရခင်ကတည်းကလည်း ကြိုးဖုန်းနားမှာပဲ နေပြီးတော့ ဘယ်အချိန် Emergency ဖြစ်မလဲ။ ကိုယ်နဲ့သိတဲ့လူမှမဟုတ်ဘူး ကိုယ့်ဆွေမျိုးသားချင်းလည်းမဟုတ်ဘူး ဒါပေမယ့် လူနာအတွက်ကို စိတ်ပူးပြီးတော့မှ အနော် အမြဲတမ်း Duty Consent အနေနဲ့ နေခဲ့တာပေါ့။ ကလေးတွေက တချိုက Position ချတာနဲ့ပတ်သက်ပြီးတော့ အဝေးရောက်တာတို့ ဒုက္ခရောက်တဲ့နေရာတို့ ရောက်လို့ရှိရင် ညည်းတက်ကြတာပေါ့နော်။ ဒါကတော့ ညည်းမှာပါပဲ။ အနော်တို့လည်း ငယ်ငယ်တုန်းက ဘဝဖြတ်သန်းခဲ့တဲ့အခါမှာ ဒီလိုနေရာတွေကို ရောက်ခဲ့တယ်ဆိုတာကို ကလေးတွေကို ပြောပြချင်တာ။ အနော်အမြဲတမ်း ပြောနေကျ စကားတစ်ခွန်းရှိတယ်။ အမေဆိုတာ တစ်ချိန်တုန်းက သမီးပါပဲ။ အနော်တို့လည်း ဒီလိုပဲ လက်ထောက်ဆရာဝန်ဘဝကနေ ခက်ခက်ခဲခဲ သွားခဲ့ရတယ်။ အနော်ဆို အနော် အခက်အခဲဆုံး နေရာကတော့ မြို့ပေါ်ကျခဲ့တာဆိုလို့ ဘွဲ့လွန်တက်တဲ့အချိန်ပဲ ရန်ကုန်ကို ရောက်ခဲ့တယ်။ ပလောဆိုတာ အခုပြောလိုက်လို့ရှိရင် Transport အတွက် အရမ်းကို ကောင်းသွားပြီး ကားလမ်းနဲ့သွားလို့ရတယ်။

အနော်တို့ သွားတုန်းကဆိုရင် ပလောကို မြေပုံထဲမှာ ကြည့်လိုက်ရတယ်။ မြေပုံထဲမှာ ကြည့်လိုက်တော့ ဘိတ်ကျွန်းစုလေးရဲ့ ရေထဲမှာ တွေ့ရတာပေါ့။ အနော်က ရေမကူးတက်ဘူး။ ရေထဲကို ချလိုက်ရင် ပလုံဆိုပြီးတော့ ပြုတ်ကျသွားမှာ။ ဒါပေမယ့် အနော်က ရေလမ်းခရီးဆိုရင်တော့ နည်းနည်းတော့ ကြောက်သွားတာပေါ့နော်။ ဒါပေမယ့် လူကြီးတွေကို တင်ပြလိုက်တော့လည်း အော်ဒါထွက်ပြီးတဲ့အတွက်ကြောင့် မသွားလို့မရဘူးဆိုတော့ အနော် သွားရတယ်။ သွားတဲ့အချိန်မှာ အဲဒီတုန်းက ကားလမ်းမရှိတဲ့အတွက်ကြောင့် ဘိတ်ကို ပထမဦးဆုံး လေယာဉ်စီးသွားရတယ်။ လေယာဉ်စီးသွားပြီးတော့မှ ဘိတ်ကနေမှ ပင်လယ်လမ်းကနေမှ ပလောမြို့ကို သွားရပါတယ်။

 

အဲဒီအချိန်မှာက တောခိုတဲ့ကျောင်းသားတွေအဖွဲ့ ရှိသေးတယ်။ နောက်တစ်ခါ ABSDF ပေါ့ အဲဒီအဖွဲ့တွေရှိတယ်။ နောက်တစ်ခါ ကရင်သောင်းကျန်းသူတွေအဖွဲ့တွေက အဲဒီရေလမ်းခရီးမှာ ရံဖန်ရံခါ ပစ်ခတ်တာပေါ့။ အဲဒီ ပစ်ခတ်တဲ့အတွေ့အကြံုကိုလည်း အနော်ကိုယ်တိုင် နှစ်ခါတိတိ ကြံုခဲ့ရတယ်။ ကြောက်တော့ကြောက်တာပေါ့ ဒါပေမယ့်လို့ မြေကြီးပေါ်မှာ ပြားပြီးတော့ သူတို့ကလည်း စက်လှေကလည်း သစ်သားဘော်ဒီကြီးတွေ အနော်က ရေမကူးတက်တဲ့အခါကျတော့ သစ်သားဘော်ဒီမှာ ရေတွေလာရိုက်တာကို ကြည့်ပြီး အခုနေ ငါပြုတ်ကျသွားရင် ငါသေမှာပဲ ဆိုတဲ့ အဲဒီအတွေးမျိုးပဲ ရှိတာပေါ့နော်။ အဲတော့ အဲဒီ တနသာင်္ရီတိုင်း ပလောမှာ အနော် နှစ်နှစ်ခွဲ တာဝန်သွားထမ်းဆောင်ရတယ်။ အခုတစ်ချို့ ဌာနကနေ နေရာမပေးလို့ ဆိုပြီးတော့မှ အော်ကျတယ်ပေါ့။ အဲဒီအချိန်မှာ အနော် Residence မရှိဘူး။ ဒါပေမယ့် မိခင်နဲ့ကလေး စောင့်ရှောက်ရေးဌာနလေးမှာပဲ နေ့ခင်းဘက်မှာ အမေတွေကို ဗိုက်ကြီးသည်တွေကို ကြည့် ပြီးရင် ဗိုက်ကြီးသည်တွေ ထိုင်သွားတဲ့ခုံလေးတွေကို အနော် ညကျရင် ပြန်စီ စီပြီးတော့ ခင်းပြီးတော့ အိပ်ခဲ့ရတာပေါ့။ ၂နှစ်ခွဲအထိ တာဝန်ထမ်းဆောင်တယ်။

ဒါပေမယ့် အနော်က ရောက်တဲ့နေရာမှာ ပစ်တိုင်းထောင်လိုပဲနေတယ်။ အနော် အဲဒီမှာနေတုန်းကို လက်နက်ကြီးနဲ့ လေးခါလောက် အပစ်ခံရတယ်။ အဲဒီအချိန်မှာ ပါဆယ်လက်ပစ်ဗုံးပေးတဲ့ စနစ်ကလည်း ရှိတယ်။ ဒါပေမယ့် လက်နက်ကြီး ပစ်ပေမယ့်လို့ အနော်နေတဲ့အနားကို လက်နက်ကြီးကျတယ် ဒါပေမယ့် အနော်ကိုတော့ မထိဘူးပေါ့။ နောက်တစ်ခါ သောငး်ကျန်းသူ ရှုံ့ချပွဲတို့လုပ်ရတယ်။ အဲတော့ လုပ်တဲ့အခါမှာ တစ်ခုတော့ကြောက်ရတာပေါ့။ ကရင်မ ကရင်ဆရာဝန် ကရင်ဝန်ထမ်းဖြစ်ပြီးတော့ ကရင်သောင်းကျန်းသူကို ရှုံ့ချရင် သောင်းကျန်းသူတွေကလည်း အနော်ကို အန္တရာယ် ပြုနိုင်တယ်လေ။ ဒါပေမယ့် အနော်နားကိုလာနေတဲ့ ရွာသားတွေကလည်း ကရင်သောင်းကျန်းသူတွေပဲ။ အဲလိုမျိုးလေးတွေ စိန်ခေါ်မှုတွေနဲ့ အနော် ကြံုခဲ့ရပါတယ်။ အဲဒီကနေပဲ ကြိုးစားပြီးတော့ ဘွဲ့လွန်ကို ဖြေခဲ့ရတာပေါ့။ ဘွဲ့လွန်တက်ဖို့ကိုလည်း ကျူရှင်တွေဘာတွေတက်ဖို့ အခွင့်အလမ်း မပေးခဲ့ပါဘူး။

အများအားဖြင့် ခွဲစိတ်ဆရာဝန်တွေက အခုအခါမှာတော့ အမျိုးသမီး ခွဲစိတ်ဆရာဝန်တွေ အများကြီး ဖြစ်လာပါပြီ။ ဗမာပြည်မှာရော နိုင်ငံတကာမှာရောပေါ့။ ဆာဂျင်ဆိုတာကတော့ ပညာဉာဏ်ကို သုံးရတာတင်မကဘူး ခန္ဒာကိုယ်ရဲ့ အားကိုလည်း သုံးရတာပေါ့နော်။ နောက်တစ်ခါ ဆာဂျင်ဖြစ်တဲ့အတွက်ကြောင့်မိုလို့ အချိန်နဲ့ တစ်ပြေးညီ အလုပ်လုပ်ရတာရှိတယ်။ အဲတော့ ရှင်းရှင်းပြောရလို့ရှိရင် စိန်ခေါ်မှုတွေကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်ဆိုတာ နည်းတယ်။ မိန်းမ ဆာဂျင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်ဆိုတာ နည်းပြီးတော့ လူနာအတွက်ရယ် အထူးသဖြင့် Government Service မှာလုပ်နေတဲ့ မိန်းမဆာဂျင်တစ်ယောက်ဆိုတာ Government Service ကို အချိန်ပေးရတာ ပိုများတယ်။ အဲဒါကတော့ စိန်ခေါ်မှုတစ်ခုပဲပေါ့နော်။

ဒါပေမယ့် အဲဒီစိန်ခေါ်မှုကို Welcome ဖြစ်ဖို့ဆိုတာက ကိုယ်တစ်ယောက်တည်းလည်း လုပ်လို့မရဘူး။ ကိုယ့်ရဲ့ family ပေါ့ ဒီလိုပဲ အနော်အနေနဲ့ကျတော့ မန်းနေ့ဆာဂျင်တစ်ယောက် ဖြစ်တဲ့အခါကျတော့ မန်းနေ့မှာမှ အနော်မှာက ကလေးနှစ်ယောက်ရှိတယ်။ ဒါပေမယ့် အနော်မှာက ဘုရားပေးတဲ့ ကုသိုလ်ကံပေါ့ အနော်ရဲ့ မိသားစု အနော်ရဲ့အမျိုးသားက အနော်ကို တော်တော်လေး ပံ့ပိုးပေးပါတယ်။ ပံ့ပိုးပေးတယ်ဆိုတာက အနော်သည် မိသားစုတစ်ယောက်ရဲ့ မိန်းမတစ်ယောက်လုပ်ရမယ့် တာဝန်ကို သိပ်မယူရပဲနဲ့ အနော်ရဲ့ အလုပ်ကိုပဲ လုပ်ရတာပေါ့။ အဲဒီအခါကျတော့ စိန်ခေါ်မှု ဖြစ်သော်ငြားလည်း အနော်အတွက် စိန်ခေါ်မှုမဟုတ်တော့ဘူးပေါ့။ တကယ်ကတော့ အဲဒါက စိန်ခေါ်မှုတစ်ခုပါပဲပေါ့။ ဝန်ထမ်းဆိုတဲ့အခါကျတော့လည်း အသက်ခြောက်ဆယ်ပြည့်ရင်တော့ မိမိရဲ့ဌာနကနေပြီးတော့မှ လုပ်ရည်ကိုင်ရည်နည်းသွားလို့ပဲဖြစ်ဖြစ် အသက်ပြည့်သွားလို့ပဲဖြစ်ဖြစ် ထွက်ခွာကြရတာပေါ့။

ဒါကတော့ အခု အနော်တို့နိုင်ငံမှာဆိုရင် အသက် ၆၀ ဆို သတ်မှတ်ထားတာပေါ့။ အနော်ကလည်း သိပ်မကြာခင်မှာ အနားယူရတော့မယ်။ အဲဒီအခါကျရင် လူဆိုတာကတော့ နိစ္စဓူဝ စားဝတ်နေရေးက အဓိကပဲလေ။ စားဝတ်နေရေး ရပ်တည်မှုတစ်ခုအတွက်ကတော့ အနော်တို့လည်း စဉ်းစားရတာပေါ့။ ဒါပေမယ့် အနော်တို့သည် ဝန်ထမ်းတစ်ဦးဖြစ်တဲ့အတွက်ကြောင့် တခြားစီးပွားရေးတွေဘာတွေလည်း မလုပ်တက်ပါဘူး။ အနော်က ဆေးကုတဲ့အလုပ်ပဲ လုပ်တတ်တာ။ အဲတော့ အနော်ရဲ့ future အတွက်ကတော့ အနော် အခု စပြီးတော့ တစ်နှစ်ရှိသွားပြီပေါ့ Private Hospital လေးတစ်ခု လုပ်ထားတယ်။ အဲဒါကတော့ ဒက္ခိနသီရိမြို့နယ်မှာပေါ့။ ကြေးမုံဆေးရုံ နာမည်လေးနဲ့ စလုပ်နေပါတယ်။ ဒါပေမယ့် ပင်စင်သွားပြီးတဲ့အချိန်မှာလည်း လေ့လာသင်ယူမှု ကိုယ့်ရဲ့အတက်ပညာကို လက်ဆင့်ကမ်းပေးမယ့် တာဝန်တွေကတော့ အနော် ဆက်လက်ပြီးတော့ လုပ်နေဦးမှာပါ။

အနော်သည် နိုင်ငံတော်တာဝန်တွေကို ထမ်းဆောင်နေတဲ့အချိန်မှာ အနော်က မိဘနဲ့မနေရဘူး။ အမေ တော်တော်ကြီးကို နေမကောင်းတဲ့အချိန်မှာလည်း အနော် အမေအနားမှာ မရှိဘူး။ ဒါပေမယ့် အနော်က မနက်မိုးလင်းလာလို့ လူကြီးသူမှ လူအိုတစ်ယောက်ကို အနော် ကြည့်ပေးရင် အနော်ကြည့်ပေးခဲ့တဲ့ ကုသမှုသည် အမေဆီကို ရောက်ပါစေဆိုတဲ့ ဆန္ဒလေးကိုတော့ အနော်မှာ ရှိတယ်။ အဲတော ့အနော်ရဲ့ မော်ထိုကတော့ မိမိကုသမှုသည် ဘုရားရဲ့ အလုပ်တစ်ခုကို လုပ်တာလည်းပါတယ်။ နောက်တစ်ခါ ကိုယ်ဝါသနာအရ လုုပ်ခြင်းကြောင့် ဘာသာရေးအရ ကောင်းတဲ့အကျိုးကို Direct မဟုတ်ရင်တောင် Indirectly အကျိုးပြုလုပ်ငန်းကို ကိုယ်စားပြုတယ်။ နောက် အနော်က အနော်ထက်ငယ်တဲ့လူတွေကို ကုသရေးပိုင်းမှာ သူနာပြုဆရာမတွေရော ဆရာဝန်တွေရော အနော်ပြောတဲ့ မော်ထိုတစ်ခုက ကိုယ်နဲ့ကိုယ်ချင်းစာ ငါဖျားလို့နာရင် ငါ့ကို ဘယ်လိုပြုစုစေချင်သလဲ အဲဒီ ပြုစုစေချင်လိုက်တဲ့အတိုင်း လူနာတွေကို ပြုစုပါ။ အဲဒါလေးတော့ အနော်မှာ ရှိပါတယ်။

မြန်မာအမျိုးသမီး အားလုံးသည် ပညာတက်စေချင်တယ်။ ပညာကို လေ့လာစေချင်တယ်။ ပညာတတ်ပြီးရင်လည်း ကိုယ်တတ်တဲ့ပညာကို အကျိုးရှိစွာ အသုံးချစေချင်တဲ့ ဆန္ဒရှိပါတယ်။”

Mizzima Weekly