သဘာဝဘေးသင့် ပြည်သူများမှတ်ပုံတင်၊ အိမ်ထောင်စု စာရင်း ပျောက်ဆုံးသော်လည်း မဲပေးနိုင်ပြီးရွှေးကောက်ပွဲရက် အပြောင်းအလဲ မရှိဟုဆို

သဘာဝဘေးသင့် ပြည်သူများမှတ်ပုံတင်၊ အိမ်ထောင်စု စာရင်း ပျောက်ဆုံးသော်လည်း မဲပေးနိုင်ပြီးရွှေးကောက်ပွဲရက် အပြောင်းအလဲ မရှိဟုဆို

ရန်ကုန်၊ သြဂုတ်၊ ၇ ။         ။ သဘဝဘေးအန္တရာယ် ကျရောက်ခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရွှေ့ဆိုင်းနိုင် သည်ဟု ပြဋ္ဌာန်းထားသော်လည်း ရွှေးကောက်ပွဲကျင်းပမည့် ရက်ပေါင်း ၉၀ ခန့် ဝေးသေး၍ ရွှေးကောက်ပွဲရက် အပြောင်း အရွှေ့မရှိဘဲ၊ မှတ်ပုံတင်၊ အိမ်ထောင်စု ပျောက်ဆုံးသော မဲဆန္ဒရှင်များ လည်း သက်သေခံ လက်မှတ်ဖြင့် မဲပေးနိုင်မည် ဟုပြည်ထောင်စုရွှေးကောက်ပွဲကော် မရှင် ဥက္ကဋ္ဌ ဦးတင်အေး ကပြောသည်။

မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီအရင်ခံစာတင်သွင်းသူ မစ္စရန်ဟီလီက သြဂုတ်  ၆ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွှေးကောက်ပွဲ ကော်မရှင်ရုံး ၌တွေ့ဆုံစဉ် သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသများရှိ မဲဆန္ဒရှင်များ မဲစာရင်းကြည့်ရှု ပြင်ဆင်ရန် အခက် အခဲနှင့် ထိုဒေသများအား ရွှေးကောက်ပွဲရွှေ့ဆိုင်ရန် ရှိမရှိဟူသည့် မေးခွန်းကို ဦးတင်အေးက ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကော်မရှင်အနေဖြင့် မဲစာရင်းတွင်ပါသည့် မဲဆန္ဒရှင်များအား သက်သေခံလက်မှတ် ထုတ်ပေးရန် ဆောင်ရွက်ထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွှေးကောက်ပွဲကျင်းပနိုင်ရန် မဲဆန္ဒနယ်မြေများ သတ်မှတ်ကြေညာထားကာ နယ်မြေလုံခြုံရေးအနေအထားအရ လွှတ်လပ်မျှတ သော ရွှေးကောက်ပွဲ ကျင်းပရန်မဖြစ်နိုင်ပါက ရွှေ့ဆိုင်းနိုင်သည်ဟု ပြဋ္ဌာန်းထားသော်လည်း လုံခြုံရေးအရ မဲဆန္ဒနယ် တစ်ခုလုံး ရွှေ့ဆိုင်းခြင်းမပြုဘဲ မဲဆန္ဒနယ်တစ်နယ်အတွင်း ရွှေးကောက်ပွဲ ကျင်းပနိုင်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ကျင်းပပေးမည်ဟု ဆက်လက်ပြောကြားသည်။

လက်ရှိတွင် အခြေခံမဲစာရင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြေညာခဲ့ပြီးဖြစ်ကာ  မဲစာရင်းမှား ရုံဖြင့် မဲပေးခွင့် မဆုံးရှုံးကြောင်း၊ တာဝန်ခံပြောကြားသူ ရှိလျှင်ပြင်ဆင်၍ မဲပေးခွင့်ရှိရ မည်ဟု လွှတ်တော် ရွှေးကောက်ပွဲနည်း ဥပဒေများ ၅၀ (ဂ) တွင် အတိအလင်းပြန်ဋ္ဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly