စပါးအသင်းနှင့် (၅)နှစ်သက်တမ်းရှိ စာချုပ်သစ် ကီရန်​ ထရပ်ပီးယား ချုပ်ဆို

စပါးအသင်းနှင့် (၅)နှစ်သက်တမ်းရှိ စာချုပ်သစ် ကီရန်​ ထရပ်ပီးယား ချုပ်ဆို
(ဓာတ်ပုံ - စပါး)

အင်္ဂလန်ကစားသမား ကီရန် ထရပ်ပီးယားဟာ စပါးနှင့် ၂၀၂၂ ခုနှစ်ထိ သက်တမ်းရှိ စာချုပ်သစ်ကို ချုပ်ဆိုခဲ့ကြောင်း ပရီးမီးယားကလပ်အသင်းက အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

၂၀၁၅ ခုနှစ်က ဘန်လေအသင်းမှ စပါးအသင်းသို့ ရောက်ရှိလာတဲ့ ညာနောက်ခံလူဟာ ပြီးခဲ့တဲ့နှစ်မှာ စပါးအသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းကို ရမှတ် ၈၆ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၂ မှာ ရပ်တည်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

စပါးအသင်းဟာ ညာနောက်ခံလူ ဝေါ်လ်ကာကို မန်စီးတီးသို့ ရောင်းချခဲ့ပြီးနောက် ထရပ်ပီးယားကို ယခင် တစ်ပတ်လုပ်ခ ပေါင် ၃၅,၀၀၀ ထက် တိုးမြှင့်ထားပြီး ပေါင် ၇၀,၀၀၀ ဝန်းကျင် ရရှိမယ်လို့ သိရပါတယ်။

လာမယ့် ရာသီမှာတော့ ကျောနံပါတ် ၂ ဂျာစီကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly