ဝင်ဘယ်လ်ဒန် ချန်ပီယံ ဖက်ဒရာ ကမ္ဘာ့အဆင့် ၃ နေရာ တက်လာ၊ ထိပ်ဆုံးမှာ ရပ်တည်နေဆဲ မာရေး

ဝင်ဘယ်လ်ဒန် ချန်ပီယံ ဖက်ဒရာ ကမ္ဘာ့အဆင့် ၃ နေရာ တက်လာ၊ ထိပ်ဆုံးမှာ ရပ်တည်နေဆဲ မာရေး
(ဓာတ်ပုံ - အီးပီအေ)

ဝင်ဘယ်လ်ဒန် ချန်ပီယံဆုကို ၈ ကြိမ်မြောက် စံချိန်တင် ရရှိခဲ့ပြီး ဂရင်းဆလင်းပြိုင်ပွဲ ၄ ခုမှာ စုစုပေါင်း ချန်ပီယံဆုဖလား ၁၉ ကြိမ် ရရှိထားတဲ့ နာမည်ကြီး ဆွစ်ဇာလန်တင်းနစ်ကစားသမား ရော်ဂျာဖက်ဒရာဟာ ရမှတ် ၆,၅၄၅ ဖြင့် ကမ္ဘာ့အဆင့် ၃ နေရာအထိ ရောက်ရှိလာခဲ့ကြောင်း ဇူလိုင် ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ချုပ် (ATP) ရဲ့ အမျိုးသားတစ်ဦးချင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ သိရပါတယ်။

ဗြိတိန်မှ အန်ဒီမာရေးနှင့် စပိန်မှ ရာဖေးလ် နဒါးလ်တို့ဟာ အဆင့် ၁ နှင့် ၂ နေရာအသီးသီးမှာ ရပ်တညနေပြီး ၎င်းတို့နှစ်ဦးဟာ ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်နှင့် ရှုံးထွက် ၁၆ အဆင့်တို့မှာ အသီးသီး ထွက်ခွာသွားခဲ့ကြပါတယ်။

အသက် ၃၅ နှစ်အရွယ် ဆွစ်ဇာလန်တင်းနစ်သမားဟာ လက်ရှိရာသီ ပြိုင်ပွဲ ၁၄ ခု ပါဝင်ကစားခဲ့ရာမှာ ဝင်ဘယ်လ်ဒန်၊ မဲလ်ဘုန်း၊ အိန္ဒိယန်း ဝဲလ်စ်၊ မိုင်ယာမီနှင့် ဟာလေတို့မှာ ဆုဖလား ၅ ကြိမ် ကြိမ်ရရှိထားပါတယ်။

လက်ရှိ ATP (အမျိုးသား) အဆင့်များနှင့် ရမှတ်များ

၁) အန်ဒီမာရေး (ဗြိတိန်) ရမှတ် ၇,၇၅၀
၂) ရာဖေးလ် နဒါးလ် (စပိန်) ရမှတ် ၇,၄၆၅
၃) ရော်ဂျာ ဖက်ဒရာ (ဆွစ်ဇလန်) ရမှတ် ၆,၅၄၅
၄) ဂျိုဂိုဗစ် (ဆားဗီးယား) ရမှတ် ၆,၃၂၅
၅) စတန် ဝေါ်ရီကာ (ဆွစ်ဇာလန်) ရမှတ် ၆,၁၄၀
၆) မာရင်း ဆီလက် (ခရိုအေးရှား) ရမှတ် ၅,၀၇၅
၇) ဒေါ်မနစ်သိမ်း (သြစတြီးယား) ရမှတ် ၄,၀၃၀
၈) နီရှီကိုရီ (ဂျပန်) ရမှတ် ၃,၇၄၀
၉) ရာအိုနစ် (ကနေဒါ) ရမှတ် ၃,၃၁၀
၁၀) ဒီမီထွာရာ (ဘူလ်ဂေးရီးယား ရမှတ် ၃,၁၆၀

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly