ဒလစျေးတွင် ရှောင်တခင်စစ်ဆေးရာ ဖော်မလင်ပါ ပဲသွေး ၆၀၀ သိမ်းဆည်းဖျက်ဆီး

ဒလစျေးတွင် ရှောင်တခင်စစ်ဆေးရာ ဖော်မလင်ပါ ပဲသွေး ၆၀၀ သိမ်းဆည်းဖျက်ဆီး
ဓာတ်ပုံ-YGN FDA

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်ရုံးမှ  ဒလမြို့နယ်တွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ ပဲသွေးဆိုင် ၃ ဆိုင်တွင် Formalin တွေ့ရှိရခဲ့ရပြီး ပဲသွေး နမူနာများ(၆၀၀ခန့်)ကို သိမ်းဆည်းဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၈ ရက်တွင် FDA မှ ဒလမြို့နယ်ရှိ ကမာကဆစ်ဈေးတွင် မုန့်ဖတ်၊ ပဲပြားနှင့် ပဲသွေးနမူနာတို့ကို ကောက်ယူခဲ့ရာ ယင်းသို့တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

"ရောင်းချသူများကို ခံဝန်ထိုးခဲ့ပြီး  ပဲသွေးထုတ်လုပ်သည့် ပင်ရင်းလုပ်ငန်းကိုလည်း ဆက်လက်ဖော်ထုတ်အရေးယူဆောင်ရွက်သွားပါမည်"ဟု FDA မှ ထုတ်ပြန်ထားသည်။

အဆိုပါ ပဲသွေးများသည် အမဲသွေးဖြင့် ပြုလုပ်ထားခြင်း ဖြစ်ကြောင်း FDA မှ သိရသည်။

လက်ရှိတွင် မင်္ဂလာဒုံဝါယာလက်မှ ပဲသွေးထုတ်လုပ်သောပင်ရင်းဌာနတစ်ခုအား FDA မှ စစ်ဆေးအရေးယူထားပြီး ဖော်မလင်ပါသော ပဲသွေးထုတ်လုပ်ရာပင်ရင်းများရှိပါက FDA သို့ တိုင်ကြားနိုင်သည်။

ယင်းနေ့က FDA ၏ ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ချက်ချင်း စစ်ဆေးခဲ့ရာ ကောက်ယူခဲ့သော ပဲသွေး(၃)ဆိုင်တွင် Formalin တွေ့ရှိရပြီး မုန့်ဖတ်(၃)ဆိုင်နှင့်ပဲပြား(၂)မျိုးမှာမူ Formalin မပါရှိကြောင်း တွေ့ရှိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်ရုံးအဖွဲ့သည် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှအဖွဲ့ဝင်များ(မြို့နယ်ပြည်သူ့ကျန်းမာ၊စည်ပင်ကျန်းမာ၊ထွေအုပ်၊ရဲတပ်ဖွဲ့)၊စည်ပင်ဈေးများဌာနတို့ဖြင့် ဒလမြို့နယ်ရှိ  ကမာကဆစ်ဈေးတွင် မုန့်ဖတ်၊ပဲပြားနှင့်ပဲသွေးနမူနာတို့ကို ကောက်ယူခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ စပ်ဆေးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိကိုလည်း စစ်ဆေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly