စီးတီးဘတ်​စ်​အသစ်​များဖြင်​့ စတင်​​ပြေးဆွဲမည်​့​နေ့ကို ဝန်​ကြီးချုပ်​ထံတင်​ပြထား

စီးတီးဘတ်​စ်​အသစ်​များဖြင်​့ စတင်​​ပြေးဆွဲမည်​့​နေ့ကို ဝန်​ကြီးချုပ်​ထံတင်​ပြထား

ရန်ကုန် ၊ဇူလိုင်၁၈ ။          ။ အလုံးစုံအာမခံ ပါဝင်သော စီးတီးဘတ်စ်သစ်များဖြင့် YUPT ကုမ္ပဏီ၏ ယာဉ်လိုင်းများတွင် အစားထိုးပြေးဆွဲနိုင်ရန်အတွက် ဝန်ကြီးချုပ်ထံ တင်ပြထားကြောင်း ရန်ကုန်မြို့ပြအများပိုင်သယ်ယူပို့ဆောင်ရေးကုမ္ပဏီ(YUPT)၏ ဒုဥက္ကဋ္ဌ ဦးကိုကိုနိုင်က ဆိုသည်။

"နောက်ဆုံး Proposal ဝန်ကြီးချုပ်ကိုတင်ပြထားတယ်လေ။ ဘယ်နေ့ဆွဲပါ့မယ်ဆိုပြီးတော့တင်ပြထားတယ် "ဟု YUPTကုမ္ပဏီမှ ဒုဥက္ကဋ္ဌ ဦးကိုကိုနိုင်က ပြောသည်။

စီးတီးဘတ်စ်အသစ်များဖြစ်သော တရုတ်နိုင်ငံထုတ် ၂၀၁၇မော်ဒယ်လ် Yutong နှင့် Ankai အမျိုးအစား အစီးရေ ၅၀၀ကို YUPT ပိုင်ယာဉ်လိုင်းများဖြစ်သည့် ၅၈ ယာဉ်လိုင်း၊ ၆၅ ယာဉ်လိုင်း၊ ၂ ယာဉ်လိုင်းများတွင် အစားထိုးသွားမည်ဖြစ်သည်။

အဆိုပါယာဉ်လိုင်းများထဲမှ YUPTရှိ စီးတီးဘတ်စ်အစီး ၅၀၀၏ အလုံးစုံအာမခံအတွက် ယနေ့ဇူလိုင်၁၈ရက်နေ့တွင် လုပ်ဆောင်နေပြီဖြစ်သည်။

YUPTတွင် ၎င်းကားအသစ်များဖြင့် စတင်ပြေးဆွဲဖြစ်ပါက မြို့တွင်းပတ်ယာဉ်လိုင်း၅၈တွင် ပထမဆုံးအစားထိုးမည်ဖြစ်သည်ဟု သိရသည်။

ဘတ်စ်ကားအသစ်များဖြင့် ပြေးဆွဲလျှင် ခရီးသည်နှင့် ယာဉ်မောင်းများ ပိုမိုဆင်ပြေနိုင်ကြောင်း ဟု YUPTကုမ္ပဏီ၏ မြို့တွင်းပတ်ယာဉ်လိုင်းဖြစ်သည့် ၅၈ယာဉ်လိုင်းမှ ဦးကြည်မျိုးဇော်က ပြောသည်။

"အခုကြတော့ လူအများကြီးဆံ့တယ်။ ဟိုတုန်းကမတ်တပ်ကိုထိုင်ခုံနဲ့ထိုင်ရတယ် ။ ထိုင်ခုံသိပ်မပါတဲ့အခါကြတော့ ကားသမားက လူအများကြီး တင်ချင်ရင်တောင် တင်လို့မရတော့ဘူး ။ မရတဲ့အခါ ခရီးသည်တွေက ချောင်ချောင်ကြပ်ကြပ်စီးရတယ် ။ အဲ့ဒီအတွက်လည်း ခရီးသည်တွေအများကြီး အဆင်ပြေသွားပြီ" ဟု ယာဉ်မောင်းများအနေဖြင့် ထိုင်ခုံအပြည့်ကားအသစ်များကို မောင်းနှင်ရမည်ဖြစ်သောကြောင့် ခရီးသည်တွေ ပြည့်ကြပ်၍ တံခါးပိတ်မရသည့်အခက်အခဲများ မကြုံတွေ့နိုင်တော့ကြောင်း သူက ဆက်ပြောသည်။

ရန်ကုန်မြို့ပြအများပိုင်သယ်ယူပို့ဆောင်ရေးကုမ္ပဏီ(YUPT)သည် ယခင်မ.ထ.သ ယာဉ်လိုင်းဖြစ်ခဲ့ပြီး ၂၀၁၇၊ ဇန်နဝါရီ ၁၆ ရက်နေ့တွင် YUPTအဖြစ် ပြောင်းလဲခဲ့ကာ ယာဉ်လိုင်း၂၁လိုင်းဖြင့် ရန်ကုန်မြို့၌ ပြေးဆွဲနေသည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ အစိုးရချင်းချိတ်ဆက်သည့်စနစ်(G to G)ဖြင့် တရုတ်နိုင်ငံမှ မှာယူတင်သွင်းထားသော ၂၀၁၇ ထုတ် Yutong နှင့် Ankai အစီးရေတစ်ထောင်ထဲမှ အစီးရေငါးရာကို YUPT ကုမ္ပဏီမှ ရရှိထားသည်။

အဆိုပါစီးတီးဘတ်စ်အစီးရေအသစ်များအား YUPTမှ စတင်ထည့်သွင်းပြေးဆွဲနိုင်ရန် Global World ကုမ္ပဏီနှင့် အာမခံပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly