ချင်းတွင်းမြစ်အတွင်း ရေယာဉ်များ ပြန်လည်ပြေးဆွဲခွင့်ပြု

ချင်းတွင်းမြစ်အတွင်း ရေယာဉ်များ ပြန်လည်ပြေးဆွဲခွင့်ပြု

မုံရွာ၊ ဇူလိုင် ၁၈။        ။ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေသော အမြန်ရေယာဉ်များအား ဇူလိုင် ၁၉ ရက်နေ့တွင် ပြန်လည်ပြေးဆွဲခွင့် ပြုခဲ့ကြောင်း ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီမှ သိရသည်။

အဆိုပါ အမြန်ရေယာဉ်များအား ချင်းတွင်းမြစ်ရေတက်သောကြောင့် ဇူလိုင် ၈ ရက်မှ စတင်ကာ ပြေးဆွဲခွင့်ရပ်နားထားခြင်းဖြစ်ပြီး ယခု မြစ်ရေကျသွားသဖြင့် ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဇူလိုင် ၈ ရက်ကနေ ၁၂ ရက်နေ့ထိ ၅ရက်နားခဲ့ပါတယ်။ မြစ်ရေက ကျဆင်းခြင်းမရှိဘဲ ဆက်တိုးလာနေတဲ့အတွက် အမြန်ယာဉ်ပြေးဆွဲခွင့်ကို ထပ်မံရပ်နားခဲ့ရခြင်း ဖြစ်ပါတယ်။ ဇူလိုင် ၁၉ မှာတော့ ရေယာဉ်တွေအားလုံးကို ပြေးဆွဲခွင့်ပြုလိုက်ပါပြီ ”ဟု ပုဂ္ဂလိကရေယာဉ်များစနစ်တကျပြေးဆွဲရေးကော်မတီ ရုံးအဖွဲ့မှူး ဦးသောင်းညွှန့်က ပြောသည်။

မုံရွာမြို့အခြေပြုပြေးဆွဲနေသော ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်တို့အား ရေယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်အတွက် ရေအရင်းအမြစ်နှင့် ဖွံ့ဖြိုးရေးဦးစီးဌာန၊   ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ရေယာဉ်စစ်အဖွဲ့၊ တို့၏ စည်းဝေးဆုံးဖြတ်ချက်အရ ရေယာဉ်ပြေးဆွဲခွင့် ရပ်နားထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခု ပြန်လည်ပြေးဆွဲခွင့်ပြုခြင်းသည်လည်း မြစ်ရေကျသဖြင့် ပြေးဆွဲခွင့်ပြုနေခြင်းဖြစ်ပြီး မြစ်ရေအခြေအနေကိုကြည့်ကာ ပြေးဆွဲခွင့်အား ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ ရုံးအဖွဲ့မှူး ဦးသောင်းညွှန့်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly