ပျောက်ကွယ်တော့မည့် ဆန်စက်ငယ်များ

ပျောက်ကွယ်တော့မည့် ဆန်စက်ငယ်များ

၂၀၁၃ ခုနှစ် နောက်ပိုင်း တရုတ်ဘက်က ဆန်ကြိတ်ခွဲစက်တွေ ဝင်ရောက်လာပြီးနောက်ပိုင်း ပြည်တွင်းက လုပ်တဲ့ ဟာလာလို့ခေါ်တဲ့ ဆန်ကြိတ်ခွဲစက်တွေက တဖြည်းဖြည်းလျှော့နည်းလာတာဆိုရင် အခုဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာ ၁၀ % ဝန်းကျင်သာ လုပ်ကိုင်နေကြတော့တယ်လို့ မြန်မာနိုင်ငံဆန်စက် aဈးကွက်ကနေ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ထန်းတစ်ပင်မြို့နယ် တစ်ခုလုံးမှာ ဆိုရင်လည်း လွန်ခဲ့တဲ့ အချိန် ၂ နှစ် အတွင်း ဆန်စက်ငယ် အလုံး ၁၀၀ လောက် ရပ်နားထားခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီက အခြေအနေတစ်ချို့ကိုတော့ မထက်ထက်အောင်က ရှာဖွေတင်ပြထားပါတယ်။

အနှစ်နှစ်ဆယ်ကျော် လည်ပတ်ခဲတဲ့ ဒီဆန်စက်က ရပ်နားထားရတာအခုဆိုရင် တစ်နှစ်ကျော်လို့ နှစ်နှစ်ထဲတောင် ဝင်လာနေပါပြီ။ ဒီစက်ကထွက်ရှိတဲ့ ဆန်ရဲ့အရည်အသွေးကဈေးကွက်လက်ခံမှု အားနည်းလာတာကြောင့် လယ်သမားတွေရော ပွဲစားတွေကပါ လာရောက်အပ်နှံခြင်း မရှိတော့ဘူးလို့ ဆန်စက်ပိုင်ရှင်အမျိုးသားက ပြောပါတယ်။

“စပြီးလည်ခဲ့တုန်းကတော့ ကျွန်တော်တို့က ၁၉၉၅ ၊ ၉၆  လောက်တုန်းက စလည်ခဲ့တာအဲတုန်းကတော့ လည်ရတယ်ဗျ ဘာဖြစ်လိုဆို ဟိုအချိန်အခါတုန်းက aခတ်မှီစက်တွေ မပေါ်ခင်ကဆို ကျွန်တော်တို့ ဒီစက်တွေက အဆင်ပြေတယ်လေ အခုခေတ်မှီဆန်စက်တွေ ပေါ်လာတဲ့ အခါကြမှ ပေါ်လာတော့ ဒီစက်တွေကအဆင့်မမှီတော့ သိပ်မလုပ်ရတော့ဘူးပွဲစားကလည်းအဆင့်မမှီတော့ လာမခွဲကြတော့ဘူး” လို့ သိန်းသန်းကျော်ဆန်စက်ပိုင်ရှင် ဦးသန်းရွှေက ပြောပါတယ်။

ဦးသန်းရွှေရဲ့ လယ်ဧက ၄၀ ကျော်ကထွက်ရှိတဲ့ စပါးကိုတောင် အနီးအနားက ဆန်စက်တွေကို ရောင်းချနေရတယ်လို့ သူက ပြောပါတယ်။ သူ့ဆန်စက်ကိုတော့ အဆင်မြှင့်တင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

“ ထန်းတပင်မြို့နယ် ဟာလာလေးတွေအတွက်တော့ အခက်အခဲရှိမယ်။ နောက်ပိုင်းပျောက်သွားလိမ့်မယ် သူကတော့ အရည်အသွေးမမှီတဲ့အတွက်ကြောင့်။  ဒါကတော့ သူကပျောက်မှာပဲလေ” လို့ က ပြောပါတယ်။

မကြာခင် အသေးစားဆန်စက်လုပ်ငန်းတွေ ပျောက်ကွယ်သွားတော့မယ်လို့ ပြောပြလာသူက ထန်းတစ်ပင်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဖြစ်ပါတယ်။

အကြောင်းရင်းကတော့ ဆန်အရည်အသွေးကောင်းမထုတ်လုပ်နိုင်တာကြောင့် လို့သူကပြောပါတယ်။

“ ထန်းတပင်မြို့နယ် ကွာလတီမှီတဲ့ စက်ကြီးတွေမှာပဲ လယ်သမားတွေကအားပြုပြီးတော့ ကြိတ်ကြတယ်။ အရောင်းအဝယ်လုပ်တဲ့ ကုန်သည်တွေကလည်းဒါကိုပဲအမှီပြုကြိတ်တော့ ဆန်စက်လေးတွေတော့ အ သွားတယ်။ သူက ကွာလတီမမှီလို့ ဆန်စက်လေးတွေကတော့ မကြိတ်ရတော့ဘူးပေါ့ အခုဆိုရင် ၅၃ လုံးဘဲကျန်တော့တယ်။ ဆန်စက်အသေးလေးတွေက ကွာလတီ မမှီတဲ့အတွက် ဆန်စက်အသေးလေးတွေတော့ လျှော့သွားမယ်” လို့ ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသိန်းရီက ဆိုပါတယ်။

ဒီမြို့နယ်မှာလွန်ခဲ့တဲ့ ၂ နှစ်ထဲမှာဆန်စက်ငယ် အလုံး ၁၀၀ လောက် ရပ်နားထားခဲ့ရပါတယ်။ သူတို့ကို အဆင့်မြှင့်တင်ဖို့ ကုန်ကျငွေကလည်းသိန်းထောင်ဂဏန်းလောက် ရှိတာကြောင့် လုပ်ငန်းရှင်တွေအတွက် ခက်ခဲနေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly