ရုပ်ရှင်ရုံပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုး

ရုပ်ရှင်ရုံပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုး

ရန်ကုန်၊ဇူလိုင် ၁၈ ။             ။ HAGL မြန်မာ ကုမ္ပဏီက ဆောင်ရွက်နေသော HAGL စီမံကိန်း(၂)တွင် ရုပ်ရှင်ရုံပိုင်းဆိုင်ရာ အကျိုးတူပူးပေါင်းဆောင်ရွက်ရန်အတွက် HAGLမြန်မာကုမ္ပဏီနှင့် Royal Ace Mega ကုမ္ပဏီတို့ နှစ်ရှည်ငှားရမ်းခြင်း သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ စာချုပ်လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့ Melia ဟိုတယ်၌ ဇူလိုင်လ၁၇ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး “ ဒီလို နှစ်ဦးသဘောတူလက်မှတ်ရေးထိုးရတဲ့ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ HAGL ရဲ့ စီမံကိန်းအပိုင်း(၂)မှာ ပါဝင်လာမယ့် ဈေးဝယ်စင်တာတွေ၊အဆောက်အအုံ တွေကို လာရောက်ကြမယ့် ပြင်ပဧည့်သည်တွေအတွက်ရော၊ နေထိုင်ကြမယ့်သူတွေအတွက်ပါအကောင်းဆုံးနဲ့ အဆင်ပြေ သက်တောင့်သက်သာရှိမှုတွေကို ယူဆောင်လာပေးဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်”ဟု HAGL မြန်မာကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ Mr. Cao Duy Thinh က ပြောသည်။

ယခုသဘောတူညီချက်အရ HAGL၏ စီမံကိန်း အပိုင်း(၂)တွင် Royal Ace Mega ကုမ္ပဏီမှ “Mega Ace” ဟူသောအမည်ဖြင့် ရုပ်ရှင်ရုံငယ်အမျိုးမျိုးပါဝင်သော ဒီဂျစ်တယ်ရုပ်ရှင်ရုံများ တည်ဆောက်သွားမည် ဖြစ်ပြီး ရုပ်ရှင်ပိတ်ကား (၆) ခုပါဝင်သောရုံငယ် (၆) ခုအပါအဝင်၊ VIP lounge တစ်ခုနှင့် ရုပ်ရှင်နမူနာများပြသမည့် Premier Class Hall တစ်ရုံတို့ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

ဗီယက်နမ်အခြေစိုက် မြို့ပြတည်ဆောက်ရေးကုမ္ပဏီ Hoang Anh Gia Lai နှင့် ဒီဂျစ်တယ်ရုပ်ရှင်ရုံများ အကောင်အထည်ဖော်ဆောင်လျက်ရှိသော Royal Ace Megaကုမ္ပဏီ ၏ အမှုဆောင်ဒါရိုက်တာ ဒေါ်မိုးနွေဦးကလည်း  ၎င်းတို့အနေနှင့် နိုင်ငံတကာအဆင့်မီ ဒီဂျစ်တယ်ရုပ်ရှင် အတွေ့အကြုံအသစ်အဆန်းများအား ရုပ်ရှင်ကြည့်ပရိတ်သတ်အတွက် ဖြည့်ဆည်းပေးနိုင်ရန်အတွက် HAGL နှင့် အတူလက်တွဲပြီး ယခုလို တိုးချအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

HAGL ၏ စီမံကိန်း အပိုင်း(၂) တွင် ပါဝင်လာမည့် (၅)ထပ်အမြင့်ရှိဈေးဝယ်စင်တာမှာ ဖျော်ဖြေရေးကဏ္ဍများ၊ ရုပ်ရှင်ရုံ၊ ကလေးကစားကွင်းများနှင့် စူပါမားကတ်များပါဝင်မည်ဖြစ်ကြောင်း HAGLမြန်မာ ကုမ္ပဏီမှထုတ်ပြန်ကြေငြာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly