မောင်တောတွင် WY ဆေးပြား ၅ သောင်းနီးပါး ဖမ်းဆီးရမိ

မောင်တောတွင် WY ဆေးပြား ၅ သောင်းနီးပါး ဖမ်းဆီးရမိ
ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ

ဇူလိုင် ၁၈ ။          ။ မောင်တောတွင် WY ဆေးပြား ၅ သောင်းနီးပါး ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည်။

မောင်တောမြို့နယ် မြင်းလွတ်မြို့ ရပ်ကွက် ၄ နေ ဆီရာဇူရ်မောက် နေအိမ်အား ဇူလိုင် ၁၇ ရက် ညနေ ၅ နာရီ တွင် ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ WY ဆေးပြား ၄၉၅၀၀ ပြား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဆီရာဇူရ်မောက်၏ ဇနီး ဟာဇီဒါခါတူ ၄၀ နှစ်နှင့် သဝန်ချောင်းရွာနေ ကာလ်မာ ၄၆ နှစ် ပါ ၅ ဦး တို့အားတွေ့ရှိရပြီး ဆန်သိုလှောင်ထားသော အခန်းအတွင်းမှ ငွေကျပ် သိန်း ၉၉၀တန်ဖိုးရှိ WYဆေးပြား ၄၉၅၀၀ ပြား ၊ဆိုင်ကယ် ၄ စီး၊ ဖုန်း ၆ လုံး၊ ငွေသား ၁၀၅၂၀၀ ကျပ် တို့နှင့်အတူ ဖမ်းဆီးသိမ်းဆည်းရမိသည်။

ဖမ်းဆီးရမိသူ ၆ ဦးအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly