ဒေါ်အောင်ဆန်းစုကြည် ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် နိုင်ငံထိပ်ပိုင်းခေါင်းဆောင်များ အာဇာနည်နေ့ အခမ်းအနား တက်ရောက်မည်

ဒေါ်အောင်ဆန်းစုကြည် ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် နိုင်ငံထိပ်ပိုင်းခေါင်းဆောင်များ အာဇာနည်နေ့ အခမ်းအနား တက်ရောက်မည်
ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် ကျင်းပသည့် ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် နိုင်ငံတော်အကြီးအကဲများ၊   ဒေါ်အောင်ဆန်းစုကြည် နှင့် အာဇာနည်ကြီးများ၏ မိသားစုဝင်များ တက်ရောက်ဂါရဝပြုစဉ်။ (ဓာတ်ပုံ-သူရ၊မဇ္ဈိမ)

ရန်ကုန် ၊ ဇူလိုင် ၁၈  ။             ။ နှစ်(၇၀)ပြည့် အာဇာနည့်နေ့ အခမ်းအနားသို့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် နိုင်ငံတော်အဆင့်အကြီးအကဲများ စုံလင်စွာ တက်ရောက်မည်ဟု သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် တစ်နှစ်ပြည့်မြောက်ချိန်တွင်  ကျင်းပသည့် အနှစ်(၇၀) အာဇာနည် အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါ ပွဲအခမ်းအနားသို့ ယမန်နှစ်က ကဲ့သု့ိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအပါအဝင် ပြည်ထောင်စုဝန်ကြီးများ ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်မည်ဖြစ်သည်။

ယင်းအပြင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန်ဖြစ်သည့် နံနက် ၁၀ နာရီ ၃၇ မိနစ် ၌ မြန်မာအသံ နှင့် ရုပ်မြင်သံကြားမှ ဥသြဆွဲအချက်ပေးမည်ဖြစ်ပြီး လမ်းပေါ်၌ သွားလာနေသော   မော်တော်ယာဉ်များ ခေတ္တရပ်တန့်၍ ဟွန်းတီးကြရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

ဗဟန်းမြို့နယ်ရှိ အာဇာနည် ဗိမာန်အတွင်းသို့ အများပြည်သူလာရောက် ဂါရဝပြုနိုင်ရန် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ အထိ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး လုံခြုံရေးအရ ထိခိုက်စေနိုင်သည့် ပစ္စည်းတစ်စုံတစ်ရာ ယူဆောင်ခွင့် မပြုကြောင်း သိရသည်။ ပန်းခွေ ၊ ပန်းစည်း ၊ ပန်းခြင်းအမျိုးမျိုး ၊ ဗီနိုင်းစအမျိုးမျိုး ၊ ပုလင်း/ဘူး အမျိုးမျိုး ၊ အလံအမျိုးမျိုး ၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်၊ သံပိုက်   နှင့်ကော်ပိုက်တို့ကို ယူဆောင်ခွင့် မပြုကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly