အာရှယူ ၂၃ ချန်ပီယံရှစ်ခြေစစ်ပွဲအကြို နည်းပြများ၏ ပြောစကားများ

အာရှယူ ၂၃ ချန်ပီယံရှစ်ခြေစစ်ပွဲအကြို နည်းပြများ၏ ပြောစကားများ
Photo; MFF

ဇူလိုင် ၁၈၊ ရန်ကုန်။        ။ ၂၀၁၈ အာရှယူ ၂၃ ခြေစစ်ပွဲ အုပ်စု (F) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲကြိုသတင်းစာရှင်လင်းပွဲကို ဇူလိုင် ၁၈ နေ့လယ် ၂း၀၀ နာရီတွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်တွင် ကျင်းပခဲ့သည်။ ခြေစစ်ပွဲကို ဇူလိုင် ၁၉ တွင် စတင်မည်ဖြစ်ပြီး မြန်မာအသင်းသည် စင်ကာပူနှင့် ပွဲဦးထွက်အဖြစ် ညနေ ၆း၀၀ နာရီတွင် ကစားရမည်ဖြစ်သည်။

ဂတ်ဆီဇီ (နည်းပြချုပ်) မြန်မာ ယူ-၂၃ အသင်း

'' ဒီပြိုင်ပွဲက ဆီးဂိမ်းအတွက် ပြင်ဆင်မှုလဲ ဖြစ်လာမှာပါ။ ဒါပေမယ့် ခြေစစ်ပွဲအောင်ဖို့လဲ ကြိုးစားသွားမယ်။ ခက်ခဲတဲ့ ပြိုင်ဖက်တွေနဲ့ ရင်ဆိုင်သွားရမှာပါ။ အိမ်ရှင်အသင်းဖြစ်တဲ့အတွက် ဖိအားရှိပေမယ့် ဖိအားဆိုတာ ကျွန်တော်တို့အသင်းအတွက် ပုံမှန်ပါပဲ။ ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ''

Josep Gombau (နည်းပြချုပ်) သြစတြေးလျ ယူ-၂၃ အသင်း

''ပြိုင်ဖက်ကောင်းအသင်းတွေနဲ့ ယှဉ်ပြိုင်သွားရမှာပါ။ ကစားသမားတွေ အတွေ့အကြုံသစ်ရဖို့ ရည်ရွယ်ထားသလို ပြိုင်ပွဲတိုင်း အနိုင်ကစားပြီး ခြေစစ်ပွဲအောင်ဖို့လဲ ရည်ရွယ်ထားတယ်။ ဒီအုပ်စုမှာ   မြန်မာအသင်းကတော့ သြစတြေးလျပြီးရင် ခြေစစ်ပွဲအောင်ဖို့ အလားအလာကောင်းပါတယ်"

Richard Tardy (နည်းပြချုပ်) စင်ကာပူ ယူ-၂၃ အသင်း

'' ဒီပြိုင်ပွဲ လာပြိုင်ခွင့်ရလို့ ဝမ်းသာပါတယ်။ ဒီအုပ်စုက ခက်ခဲမှာဖြစ်ပြီး အကောင်းဆုံးကြိုးစားသွားမယ်။ မြန်မာအသင်းကတော့ ပြင်ဆင်မှုအကောင်းဆုံးလို့ ထင်တယ်။ ၂၀၁၅ ကမ္ဘာ့ဖလားကစား သမားအချို့လဲ  ပါဝင်နေသလို လက်ရွေးစင်ကစားသမားတွေလဲ ပါဝင်နေပါတယ်။ စာရွက်ပေါ်က လူစာရင်းအရဆိုရင်တော့ မြန်မာအသင်းက သာပါတယ်။ ဒါပေမယ့် ကျွန်တော် ကစားသမားတွေကလဲ မညံ့ဘူးဆိုတာ မနက်ဖြန်ပွဲမှာ မြင်တွေ့ရမှာပါ။ မြန်မာအသင်းက အိမ်ရှင်ဖြစ်လို့ ပိုပြီးတော့တောင် ဖိအားရှိနိုင်ပါတယ်"

ကွန်အွန်ဆွန်း (နည်းပြချုပ်) ဘရူနိုင်း ယူ-၂၃ အသင်း

'' ဒီပြိုင်ပွဲကို လာပြိုင်ရတာ အရမ်းဝမ်းသာပါတယ်။ ဒီအုပ်စုမှာ ခြေစစ်ပွဲအောင်ဖို့အတွက် ပြိုင်ဖက်ကောင်းတွေနဲ့ ယှဉ်ပြိုင်ရမယ်။ ဒါကြောင့် ကစားသမားတွေအနေနဲ့လဲ ကောင်းမွန်တဲ့ အတွေ့အကြုံသစ်တွေရမယ်လို့  ထင်တယ်။ အသင်းအနေနဲ့ ဒီခြေစစ်ပွဲမှာ ရော ဆီးဂိမ်းအတွက်ပါ အကောင်းဆုံးမျှော်မှန်းထားပါတယ်။ ပြိုင်ပွဲတစ်ခုချင်းစီကို အာရုံစိုက်သွားမှာပါ"

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly