ကစားသမားဘဝမှ အနားယူပြီး ရိုးမားအသင်းဒါရိုက်တာတစ်ဦးဖြစ်လာတော့မည့် တော့တီ

ကစားသမားဘဝမှ အနားယူပြီး ရိုးမားအသင်းဒါရိုက်တာတစ်ဦးဖြစ်လာတော့မည့် တော့တီ

ဇူလိုင် ၁၈၊ ရောမ။           ။ ကစားသမားဘဝမှ အနားယူလိုက်ပြီဖြစ်ကြောင်းနှင့် ရိုးမားအသင်း၏ ဒါရိုက်တာတစ်ဦးဖြစ်လာတော့မည်ဖြစ်ကြောင်း တော့တီက အတည်ပြုပြောဆိုလိုက်သည်။

အသက် ၄၀ အရွယ်တော့တီသည် ၎င်း၏ အသက် ၁၆ နှစ်အရွယ်၊ ၁၉၉၃ ခုနှစ်ကတည်းကပွဲထွက်ခွင့်ရခဲ့သည့် ရိုးမားအသင်း တစ်သင်းတည်းတွင်သာ ကစားသမားဘဝတစ်လျှောက်လုံး ၂၅ နှစ်တိုင်တိုင် ကစားသွားခဲ့သည်။

ပြင်ပဘဝတွင်လည်း ကစားသမားဘဝကကဲ့သို့ပင် အသင်းကိုကောင်းစွာ အလုပ်အကျွေးပြုနိုင်ဦးမည်ဟုမျှော်လင့်ကြောင့် တော့တီက အသင်းဝက်ဘ်ဆိုက်သို့ပြောသည်။

“ကျွန်တော့်ဘဝရဲ့ ပထမအစိတ်အပိုင်းအဖြစ်တဲ့ ကစားသမားတစ်ယောက်အဖြစ်က အဆုံးသတ်သွားပါပြီ။ လက်ရှိအချိန်မှာ တော့ အရေးကြီးတဲ့ အစိတ်ပိုင်းတစ်ရပ်နဲ့ ညီမျှတဲ့နေရာဆီကို ဦးတည်နေပါတယ်။

ကွင်းထဲမှာတုန်းကလိုပဲ ကောင်းကောင်းလုပ် နိုင်ဖို့ မျှော်လင့်ပါတယ်။ ကစားသမားဘဝကို ဘယ်တုန်းကမှ အဆုံးမသတ်ချင်ခဲ့ပါ ဘူး။ အခုအချိန်မှာတော့ အငယ်အသင်းကနေ ဥက္ကဋ္ဌအထိလုပ်နိုင်အောင် ကိုယ့်ကိုယ်ကိုယ်ကြိုးစားပြင်ဆင်နေပါတယ်။

ခြောက်လဖြစ်ဖြစ်၊ တစ်နှစ်ဖြစ်ဖြစ်၊ နှစ်နှစ်ဖြစ်ဖြစ် အချိန်ယူကောင်းယူရနိုင်ပါတယ်။ ကျွန်တော်နဲ့ သင့်တော်တဲ့ရာထူးရဖို့ အချိန် ဘယ်လောက်ယူရမလဲ ကျွန်တော်မသိပါဘူး”ဟု တော့တီက ပြောသည်။

တော့တီသည် စီးရီးအေဖလားတစ်ကြိမ်တည်းသာရသည့် ရိုးမားအသင်း၌ ဆက်ကစားရန်အတွက် ရီးယဲလ်မက်ဒရစ်ကဲ့သို့သော အသင်းမျိုးကိုပင် ငြင်းဆန်ခဲ့သူဖြစ်သည်။ ၎င်းသည် ရိုးမားအသင်း၏ ဂိုးသွင်းစံချိန်ရှင်လည်းဖြစ်ပြီး ပြိုင်ပွဲစုံ ၃၀၇ ဂိုးသွင်းထား သည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly