ထောင်နှင့်ချီသော ဆေးခြောက်ပင်များကို ပီရူးအာဏာပိုင်များ ဖျက်ဆီး

ထောင်နှင့်ချီသော ဆေးခြောက်ပင်များကို ပီရူးအာဏာပိုင်များ ဖျက်ဆီး

လီမာ၊ ဇူလိုင် ၁၈ ။                             ။ ပီရူးနိုင်ငံတော်ရဲတပ်ဖွဲ့မှ အရာရှိများသည် လီမာမြို့တော်မြောက်ပိုင်း ၁၇၁မိုင်အကွာရှိ ဟူအာမေခရိုင်အတွင်း၌ ပြီးခဲ့သောအပတ်က စစ်ဆင်ရေးတစ်ခုကို ပြုလုပ်ခဲ့ပြီး ဆေးခြောက်ပင်ပေါင်း ၁၂၅၂၆ ပင်ခန့်ကို သိမ်းဆည်းရမိ ခဲ့ကြောင်း အာဏာပိုင်များက တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

အချို့အပင်များသည် ၆.၅ ပေခန့်အထိ မြင့်ပြီး ထိုအပင်များကို အန်ကတ်ရှ်ဒေသအတွင်းရှိ မိုလီနိုပမ်ပါမြို့တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ချက်ထဲ၌ ပြောကြားခဲ့သည်။

နိုင်ငံတော်ရဲတပ်ဖွဲ့မှ မူးယစ်နှိမ်နင်းရေးအေးဂျင့်များနှင့် အရာရှိများသည် စစ်ဆင်ရေးပြုလုပ်စဉ်၌ သိမ်းဆည်းရ မိခဲ့သော ဆေးခြောက်ပင်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။

တရားမဝင်သော ထိုဆေးခြောက်ပင်များကို သိမ်းဆည်းခြင်းနှင့် ဖျက်ဆီးခြင်းအား လက်ထောက်အစိုးရရှေ့နေ တစ်ဦးက မျက်မြင်သက်သေအဖြစ် စောင့်ကြည့်နေခဲ့သည်။

တရားမဝင်ဆေးခြောက်ပင်များ စိုက်ပျိုးခြင်းအတွက် တာဝန်ရှိသူများကို ရှောင်တခင်စီးနင်းမှုတွင် ဖမ်းဆီးရမိခဲ့ ခြင်းမရှိသော်လည်း ရဲအရာရှိများနှင့် စုံစမ်းစစ်ဆေးသူများသည် ဆက်လက်ရှာဖွေနေကြဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly