(၃)နှစ် စာချုပ်နဲ့ ဂါလာတာစာရေးကို မာရီယာနို ပြောင်းရွှေ့ကြောင်း ဆီဗီလာအသင်း ကြေညာ

(၃)နှစ် စာချုပ်နဲ့ ဂါလာတာစာရေးကို မာရီယာနို ပြောင်းရွှေ့ကြောင်း ဆီဗီလာအသင်း ကြေညာ
(ဓာတ်ပုံ - ဂါလာတာစာရေး)

ဆီဗီလာအသင်းရဲ့ ဘရာဇီးကစားသမား မာရီယာနို ဖာရဲရားဟာ တူရကီကလပ် ဂါလာတာစာရေးကို ပြောင်းရွှေ့သွားခဲ့ကြောင်း အသင်းရဲ့ ဝက်ဘ်ဆိုက်မှာ တနင်္လာနေ့က ဖော်ပြထားပါတယ်။

မာရီယာနိုဟာ ပြောင်းရွှေ့ကြေး ယူရို ၅ သန်းနှင့် ဆီဗီလာအသင်းကနေ ထွက်ခွာမှာဖြစ်ပြီး အစ္စတန်ဘူလ်အခြေစိုက်ကလပ်အသင်းနဲ့ ၃ ရာသီ စာချုပ်,ချုပ်ဆိုခဲ့တယ်လို့ သတင်းရင်းမြစ်များက EFE ကို ပြောပါတယ်။

"ကျနော် ဒီနေရာကို ရောက်ရှိလာလို့ အလွန်ဝမ်းသာပါတယ်။ ဂါလာတာစာရေးလို အရေးပါပြီး ကြီမားတဲ့ မိသားစုတခုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခွင့်ရလို့ အလွန်ပျော်ရွှင်မိပါတယ်။"လို့ မာရီယာနိုက ကလပ်အသင်း ဝက်ဘ်ဆိုက်ကို ပြောပါတယ်။

အသက် ၃၁ အရွယ် ညာနောက်ခံလူဟာ ဆီဗီလာအသင်းမှာ ကောင်းမွန်တဲ့ နှစ်ရာသီမှာ ယူရိုပါလိဂ်ဖလား တစ်ကြိမ် ဆွတ်ခူးခဲ့ပြီး ပွဲ (၈၀) ကစားခဲ့ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags