အမေရိကန်၏ ကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်းကို တရုတ်က တရားဝင် ကန့်ကွက်

အမေရိကန်၏ ကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်းကို တရုတ်က တရားဝင် ကန့်ကွက်

ပေကျင်း၊ ဇူလိုင် ၁၇ ။                 ။ ထိုင်ဝမ်သို့ အမေရိကန်စစ်သင်္ဘောများ လာရောက်မှုကို တွန်းအားပေးဖြစ်လာစေနိုင်သော ကာကွယ်ရေးအသုံးစရိတ် ဥပဒေကြမ်း အမေရိကန်လွှတ်တော်က ခွင့်ပြုလိုက်ခြင်းအား တရုတ်နိုင်ငံမှ ဇူလိုင် ၁၇ ရက်တွင် တရားဝင် ကန့်ကွက်လိုက်သည်။

ခွဲထွက်ပြည်နယ်ဟု တရုတ်က ရှုမြင်ထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ကျွန်းသို့ ဝါရှင်တန်မှ မည်သည့်စစ်အကူအညီမျိုးကိုမဆို ပေကျင်းအနေဖြင့် စွဲမြဲစွာ   ရေရှည်ကန့်ကွက်နေခဲ့ခြင်း   ဖြစ်သည်။

"အမေရိကန်နဲ့ ထိုင်ဝမ်ကြားက တရားဝင်အဆက်အသွယ်ပြုမှုနဲ့ စစ်ရေးချိတ်ဆက်မှုတွေ အားလုံးကို တရုတ်က ခိုင်ခိုင်မာမာကန့်ကွက်ပါတယ်။"ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လုကန်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောပြီး အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဝါရှင်တန်အပေါ် ပြင်းပြင်းထန်ထန်ရပ်တည်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ဆိုသည်။

အမေရိကန် အောက်လွှတ်တော်က ဇူလိုင် ၁၄ ရက်တွင် ၂၀၁၈ ဘဏ္ဍာနှစ်အတွက် အမျိုးသားကာကွယ်ရေးအာဏာပိုင်အက်ဥပဒေကို အတည်ပြုခဲ့သည်။

ထိုဥပဒေအရ ဝါရှင်တန်အနေဖြင့် ထိုင်ဝမ်၏ စစ်တပ်ကို စစ်သင်တန်းများ ပိုမိုထောက်ကူပေးနိုင်မည်ဖြစ်သကဲ့သို့ ၎င်း၏ စစ်အသုံးစရိတ်ကိုလည်း မြှင့်တင်နိုင်မည်ဖြစ်သည်။

ယင်းဥပဒေကြမ်း ဖြည့်စွက်ပြင်ဆင်ချက်တွင် အမေရိကန်နှင့် ထိုင်ဝမ်ရေတပ်ကြား ဆိုက်ရောက်ဆိပ်ကမ်း ထားရှိမှုနှင့် ပတ်သက်ပြီးလည်း ပင်တဂွန်အနေဖြင့် ကွန်ဂရက်လွှတ်တော်သို့ တင်ပြနိုင်ခွင့် ရှိမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags