Temple Mount မြင့်မြတ်နယ်မြေကို အစ္စရေးက ပြန်ဖွင့်၊ လုံခြံုရေးတင်းကြပ်၍ မွတ်စလင်များက ဝင်ရောက်ရန် ငြင်းဆန်

Temple Mount မြင့်မြတ်နယ်မြေကို အစ္စရေးက ပြန်ဖွင့်၊ လုံခြံုရေးတင်းကြပ်၍ မွတ်စလင်များက ဝင်ရောက်ရန် ငြင်းဆန်

ဂျေရုဆလင်၊ ဇူလိုင် ၁၇ ။               ။ ခရစ္စယာန်၊ ဂျူးနှင့် အစ္စလာမ်ဘာသာကြီးသုံးရပ် နှစ်ပေါင်းထောင်ချီကာ အထွဋ်အမြတ်ထားသော ဂျေရုဆလင်မြို့ဟောင်းရှိ Temple Mount မြင့်မြတ်နယ်မြေကို တိုက်ခိုက်မှုဖြစ်၍ ရဲနှစ်ဦး သေဆုံးခဲ့ပြီးနောက် ပိတ်ထားခဲ့ရာမှ အစ္စရေးက ဇူလိုင် ၁၆ ရက်တွင် ပြန်လည်ဖွင့်လှစ်ပြီဖြစ်သော်လည်း မြင့်မြတ်နယ်မြေသို့ ဝင်ရောက်ခြင်းကို မွတ်စလင်များက   ငြင်းဆန်လျက်ရှိသည်။

သတ္တုရှာဖွေရေးပစ္စည်းကိရိယာများ၊ ကင်မရာများအပါအဝင် လုံခြုံရေးစနစ်သစ်များ ထားရှိကာ တင်းကြပ်ထားခြင်းကြောင့် မွတ်စလင်ဝတ်ပြုသူများက ယခုကဲ့သို့ ငြင်းဆန်ခြင်းဖြစ်သည်။

မွတ်စလင်များ၏ Haram al-Sharif ဗလီဝင်းရှိပြီး ဂျူးများက Temple Mount ဟု အထွဋ်အမြတ်ထားရာ ယင်းမြင့်မြတ်နယ်မြေသို့ အစပိုင်းက လာရောက်သူများရှိနေစဉ် အပြင်ဖက်တွင် လူအုပ်များက အလာဟ်ဟုအဂ်ဘာ(ဘုရားရှင် ကြီးမြတ်တယ်)ဟူကာ ကြွေးကြော်ကြသည်။

တင်းကြပ်သည့် လုံခြုံရေးစည်းမျဉ်းသစ်များကို ဆန့်ကျင်ပြီး မွတ်စလင်ဝတ်ပြုဆုတောင်းသူ ဒါဇင်များစွာက ယင်းမြင့်မြတ်နယ်မြေရှိ Al-Aqsa ဗလီသို့ ဝင်ရောက်ခြင်းမရှိဘဲ အပြင်ဖက်တွင် စုရုံးဆန္ဒပြကြခြင်းဖြစ်သည်။

“အစ္စရေး အစိုးရအစိုးရရဲ့ ခုလို ပြောင်းလဲပြဌာန်းတဲ့ လုံခြုံရေးတင်းကြပ်မှုကို ကျွန်တော်တို့ ငြင်းပယ်တယ်။”ဟု Al-Aqsa ဗလီဆရာ ရှိတ်အိုမာက သတင်းထောက်များအား အပြင်ဖက်တွင် ပြောသည်။

“ဒီသတ္တုရှာဖွေရေးပစ္စည်းကိရိယာတွေ မဖယ်ရှားပေးသရွေ့ ကျွန်တော်တို့ ဒီထဲကို ဝင်ရောက်ကြမှာ မဟုတ်ဘူး။”ဟု ၎င်းက ဆိုသည်။

ထိုသို့ လူများက မြင့်မြတ်နယ်မြေသို့ ဝင်ရောက်ခြင်း မပြုကြောင်း ပြောကြဆိုကြစဉ် တစ်ချို့သော အမျိုးသမီးများမှာလည်း ငိုယိုဟစ်ကြွေးမှုများ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags